မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် သီရိပျံချီဦးတင့်လွင် တောင်တွင်းကြီးမြို့ ယင်းမလည်ချောင်း မြေအောက်တမံ (၁)၊ (၂) တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးပြီး ဒေသခံတောင်သူများနှင့် တွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် သီရိပျံချီဦးတင့်လွင် တောင်တွင်းကြီးမြို့ ယင်းမလည်ချောင်း မြေအောက်တမံ (၁)၊ (၂) တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးပြီး ဒေသခံတောင်သူများနှင့် တွေ့ဆုံ




တောင်တွင်းကြီး ၊ မေ ၇


မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် သီရီပျံချီ ဦးတင့်လွင်သည် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းက တောင်တွင်းကြီးမြို့နယ် ယင်းမလည်ချောင်းမြေအောက်တမံ (၁)၊ (၂) တည်ဆောက်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံတောင်သူများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။


ဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်သည် တောင်တွင်းကြီးမြို့နယ် ပွင်လှလေးကျေးရွာအနီးတွင် တည်ဆောက်ပြီးစီးခဲ့သည့် အလျား (၇၅) ပေ၊ အနက် (၂၀) ပေ၊ ရေသိုလှောင်ထားရှိနိုင်မှုပမာဏ (ဂါလန်သန်း) ၁၂ ဂါလန်သန်းခန့်ရှိသည့် ယင်းမလည်မြေအောက်တမံ (၂)အား ကြည့်ရှုစစ်ဆေးခဲ့ကာ အဆိုပါ မြေအောက်တမံတည်ဆောက်ခြင်းဖြင့် ကျေးရွာ (၂)ရွာမှ အိမ်ထောင်စု (၄၂၅)စု၊ လူဦးရေ (၁၇၃၇)ဦးအတွက် စိုက်ပျိုးရေးလုပ်ငန်းများအတွက် များစွာ အကျိုးဖြစ်ထွန်းမည်ဖြစ်ကြောင်း သိရသည်။


ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် နတ်စဥ်ကုန်းကျေးရွာအနီးတွင် ဧပြီ (၂၉)ရက်နေ့က စတင်တည်ဆောက်လျက်ရှိသည့် အလျား (၁၀၀) ပေ၊ အနက် (၂၀)ပေ၊ ရေသိုလှောင်နိုင်မှု ပမာဏ ၁၅ ဂါလန်သန်းခန့်ရှိသည့် မြေအောက်တမံ (၁)အား ရောက်ရှိခဲ့ပြီး မြေအောက်တမံတည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ ထို့နောက် ဒေသခံပြည်သူများနှင့်တွေ့ဆုံပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို ဒေသခံပြည်သူများကတင်ပြခဲ့ရာ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


နောင်နောင် (ဗိဿနိုးမြေ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)