မြန်မာနှင့် ရုရှား နှစ်နိုင်ငံဆက်ဆံရေးအောက်မှ ဆောင်ရွက်နေသည့် စီမံကိန်းများ၏ ဖြစ်ပေါ်တိုးတက်မှု အခြေ အနေများ ဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာနှင့် ရုရှား နှစ်နိုင်ငံဆက်ဆံရေးအောက်မှ ဆောင်ရွက်နေသည့် စီမံကိန်းများ၏ ဖြစ်ပေါ်တိုးတက်မှု အခြေ အနေများ ဆွေးနွေး


နေပြည်တော်၊ မေ ၂၉

 နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးကိုကိုကျော်သည် မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး H.E. Mr. Iskander Azizov အား ၂၈-၅-၂၀၂၅ ရက် (ဗုဒ္ဓဟူးနေ့) နေ့လယ် ၁၄၀၀ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ပါသည်။ 

 ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံက ၂၀၂၄-၂၀၂၇ ခုနှစ်အတွက် အာဆီယံ-ရုရှား ပူးပေါင်း ဆောင်ရွက်မှုညှိနှိုင်းရေးမှူးအဖြစ် တာဝန်ယူစဉ်အတွင်း အာဆီယံ-ရုရှား မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို မြှင့်တင်ရန်အတွက် ဆောင်ရွက်နေမှုအခြေအနေများ၊ မြန်မာနှင့် ရုရှား နှစ်နိုင်ငံဆက်ဆံရေးအောက်မှ ဆောင်ရွက်နေသည့် စီမံကိန်းများ၏ ဖြစ်ပေါ်တိုးတက်မှု အခြေ အနေများကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။ 


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)