ရာဂီမုန်တိုင်းကြောင့် ပျက်စီးသွားသော ကျောင်းဆောင်သစ်အား အသစ်ပြန်လည်ဆောက်လုပ်ပြီးစီး၍ ကျောင်းဆောင်သစ် လွှဲပြောင်းလက်ခံခြင်း အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရာဂီမုန်တိုင်းကြောင့် ပျက်စီးသွားသော ကျောင်းဆောင်သစ်အား အသစ်ပြန်လည်ဆောက်လုပ်ပြီးစီး၍ ကျောင်းဆောင်သစ် လွှဲပြောင်းလက်ခံခြင်း အခမ်းအနား ကျင်းပ

 




နေပြည်တော်၊ မေ ၂၉

ယမန်နှစ်က ရာဂီမုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနအောက်ရှိ မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ အလက(ခွဲ) မြင်းဒိုက်ကျောင်းကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဝန်ထမ်းများ၊ မိသားစုဝင်များနှင့် ပြည်ပ စေတနာရှင်များက စုပေါင်းလှူဒါန်းငွေဖြင့် (၉၀’x၃၀’x၁၂’) RCC တစ်ထပ် ကျောင်းဆောင်သစ်ကို ၂၈-၁၁-၂၀၂၄ ရက်နေ့မှစတင်၍ တာဝန်ယူဆောက်လုပ်လှူဒါန်းခဲ့ရာ ယခုအခါတွင် ဆောက်လုပ်လှူဒါန်းခြင်း ပြီးစီးပြီဖြစ်ပါသဖြင့် ကျောင်းဆောင်သစ်လွှဲပြောင်း အပ်နှံခြင်းနှင့် ကမ္ဗည်းမော်ကွန်းရေးထိုးခြင်းအခမ်းအနားကို ၂၈-၅-၂၀၂၅ ရက်နေ့တွင် အလက(ခွဲ)မြင်းဒိုက်ကျောင်း၊ သာစည်မြို့နယ်၌ ကျင်းပဆောင်ရွက်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ အလက(ခွဲ) မြင်းဒိုက်မှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ သက်ဆိုင်ရာနယ်မြေမှ တာဝန်ရှိသူများနှင့် ကျောင်းဆောက်လုပ်သည့် ကုမ္ပဏီမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး အဆိုပါ ကျောင်းနှင့်ဆက်စပ်စာရွက်စာတမ်းများကို ပညာရေးဝန်ကြီးဌာနသို့ ဆက်လက်လွှဲပြောင်း ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)