၂၀၂၅-၂၀၂၆ ပညာသင်နှစ် မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းသား ကျောင်းသူများအတွက် ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

၂၀၂၅-၂၀၂၆ ပညာသင်နှစ် မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းသား ကျောင်းသူများအတွက် ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများပေးအပ်


နေပြည်တော်၊ မေ ၂၉

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိကြသည့် နိုင်ငံ့ဝန်ထမ်းသားသမီးများမှ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် တက်ရောက်ကြမည့် မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းသား ကျောင်းသူများအတွက် ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး စုဝေးဆောင်ခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ အရာထမ်း အမှုထမ်းများ၊ ကျောင်းသား မိဘများ၊ ကျောင်းသားကိုယ်စားလှယ်များ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ကျောင်းသား ကျောင်းသူများအနေဖြင့် ဆရာ ဆရာမများက သင်ကြားပေးသည့် သင်ခန်းစာများကို အလေးအနက်ထားပြီး နာယူမှတ်သားလေ့ကျင့်ကာ ပညာကို အပတ်တကုတ်ကြိုးစားရန်လိုအပ်ကြောင်း၊ ဆရာ ဆရာမများ၏ အနီးကပ် ပဲ့ပြင်ဆုံးမကြပ်မတ် သင်ကြားပို့ချပေးမှုများအပေါ် နာခံလိုက်နာပြီး လုံ့လဝီရိယထား ကြိုးစားကြမည်ဆိုပါက အောင်မြင်မှုအသီးအပွင့်သည် လက်တစ်ကမ်းမှာသာရှိနေမည်ဖြစ်ပါကြောင်း၊ အထူးမှာကြားလိုသည်မှာ ပညာတတ်မှ နိုင်ငံတော်၏အနာဂတ်ကို ကောင်းသည်ထက်ကောင်းအောင် ပုံဖော်နိုင်မည်ဖြစ်၍ ပညာသည် သာ ပထမ၊ ပညာသည်သာ ဒုတိယ၊ ပညာသည်သာ တတိယဆိုသော ရည်မှန်းချက်ထားပြီး ငယ်ရွယ်စဉ်တွင် သင်ယူကြရမည်ဖြစ်ကြောင်း။

ကျောင်းသား ကျောင်းသူများအနေဖြင့်လည်း မိဘ/ဆရာများ၏ ဆုံးမသွန်သင်ပြုစုမှုကို အလေးဂရုပြု၍ မိမိကိုယ်ကို အမြဲထူးချွန်အောင်၊ လူတော်လူကောင်းတစ်ယောက်ဖြစ်အောင် စဉ်ဆက်မပြတ်ကြိုးစားပြီး မိမိကျွမ်းကျင်ရာနယ်ပယ်တွင် မိမိအကျိုး၊ မိသားစုအကျိုး၊ နိုင်ငံနှင့် ပြည်သူ့အကျိုးများကို သယ်ပိုးထမ်းရွက်နိုင်သည့် သားကောင်း/ သမီးမွန်များဖြစ်အောင် အားထုတ်ကြိုးပမ်းသွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် အခြေခံပညာသင်ယူကြမည့် မူလတန်းကျောင်းသား ကျောင်းသူ ၁၂၅၀၊ အလယ်တန်းကျောင်းသား ကျောင်းသူ ၇၂၅ ဦး၊ အထက်တန်းကျောင်းသား ကျောင်းသူ ၆၄၇ ဦး စုစုပေါင်း ကျောင်းသား ကျောင်းသူ ၂၆၂၂ ဦးတို့အတွက် တစ်ဦးလျှင် ကျောင်းဝတ်စုံတစ်စုံ ၊ ဗလာစာအုပ်တစ်ဒါဇင်၊ ခဲတံ၊ ဘောပင်တစ်ဒါဇင်ကို ထောက်ပံ့ပေးအပ်ခဲ့ပြီး စုစုပေါင်းတန်ဖိုး ငွေ ၆၂၅၃၅၀၀၀ ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)