တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုမည့် ဝန်ထမ်း သား၊ သမီးများအား ထောက်ပံ့ငွေပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုမည့် ဝန်ထမ်း သား၊ သမီးများအား ထောက်ပံ့ငွေပေးအပ်

 


နေပြည်တော်၊ မေ ၁၄

၂၀၂၅ ခုနှစ် ဇွန်လအတွင်း ပြန်လည်ကျင်းပစစ်ဆေးသွားမည့် ၂၀၂၄-၂၀၂၅ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုမည့် ဝန်ထမ်းသား၊ သမီး Grade -12 ကျောင်းသား၊ ကျောင်းသူများအား  ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့က နေပြည်တော်ရှိ ရုံးအမှတ်-၃ ၌ ကျင်းပရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ တက်ရောက်အမှာစကားပြောကြားသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ပြန်လည်ကျင်းပစစ်ဆေးသွားမည့် ၂၀၂၄-၂၀၂၅ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဝန်ထမ်းသား၊ သမီးများထဲမှ ပြန်လည်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ ၂၈ ဦးအနေဖြင့် ပြန်လည်ဖြေဆိုရန် အထူးကြိုးစားနေကြောင်း ကြားသိရသဖြင့် အထူးဝမ်းမြောက်မိကြောင်း၊ ယခင်ဖြေဆိုခဲ့မှုတွင် အားရမှုရှိခဲ့သော ဘာသာရပ်အတွက် အမှတ်ပိုမိုရရှိနိုင်ရေးနှင့်အားနည်းမှုရှိခဲ့သော ဘာသာရပ်ရှိခဲ့ပါကလည်း ယခုရရှိသည့်အခွင့်အရေးကို အပြည့်အဝအသုံးချ၍ကောင်းမွန်စွာပြန်လည်ဖြေဆိုသွားစေလို ကြောင်း၊ ကျောင်းသားမိဘများအနေဖြင့်လည်း စာမေးပွဲထပ်မံဖြေဆိုမည့် သား၊ သမီးများကို ဖြည့်ဆည်းအား‌ပေးကြရန်ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးများသည် ဇွန်လအတွင်း ပြန်လည်ကျင်းပစစ်ဆေးသွားမည့် ၂၀၂၄-၂၀၂၅  တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုမည့် ဝန်ထမ်းသား၊ သမီး Grade -12 ကျောင်းသား၊  ကျောင်းသူ ၂၈ ဦးကို ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။

အခမ်းအနားသို့ ဒုတိယဝန်ကြီးများဖြစ်သည့် ဦးမင်းမင်း၊ ဦးကျော်ရွှေထွန်း၊ အမြဲတမ်းအတွင်းဝန်၊  ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့်တာဝန်ရှိသူများ၊ ကျောင်းသားမိဘများနှင့် Grade -12 ပြန်လည်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများတက်ရောက်ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)