ညောင်ဦးမြို့နယ် သူကောင်းတည်မြစ်ရေတင်ဖြင့် နွေပဲတီစိမ်းစိုက်တောင်သူများ အောင်မြင်ဖြစ်ထွန်းကာ ဈေးကောင်းရရှိနေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ညောင်ဦးမြို့နယ် သူကောင်းတည်မြစ်ရေတင်ဖြင့် နွေပဲတီစိမ်းစိုက်တောင်သူများ အောင်မြင်ဖြစ်ထွန်းကာ ဈေးကောင်းရရှိနေ

 



ညောင်ဦး  ၊ မေ ၂၈


မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် သူကောင်းတည်မြစ်ရေတင်ရေဖြင့် စိုက်ပျိုးထားသည့် နွေပဲတီစိမ်းစိုက်တောင်သူများ အောင်မြင်ဖြစ်ထွန်းနေကာ ဆွတ်ခူးရောင်းချချိန် မနှစ်ကထက် ဈေးနှုန်းပိုမိုရရှိနေသောကြောင့် မြစ်ရေတင်ဖြင့် စိုက်ပျိုးသည့် ကျေးလက်တောင်သူများ တွက်ခြေကိုက်အဆင်ပြေနေကြကြောင်း သိရသည်။


ညောင်ဦးမြို့နယ် သူကောင်းတည်မြစ်ရေတင်ဖြင့် စိုက်ပျိုးထားသည့် နွေပဲတီစိမ်းစိုက် ဧက ၅၀၀ ဧကရှိကြောင်း၊ ပဲတီစိမ်းစိုက်ခင်းတွေ ကောင်းမွန်ကာပြီးခဲ့သည့်နှစ်က နွေပဲတီစိမ်းပေါ်ချိန် တစ်တင်းလျှင် ငွေကျပ် ၉၅၀၀၀ ကျပ်ဖြင့် ရောင်းချခဲ့ရပြီး ယခုနှစ် နွေပဲတီစိမ်းပေါ်ချိန် ၁၅၀၀၀၀ ကျပ်ရောင်းချရခြင်းကြောင့် မြစ်ရေတင်ဖြင့် စိုက်ပျိုးသည့် ကျေးလက်တောင်သူများ တွက်ခြေကိုက်နေကြကြောင်း သိရသည်။ နွေပဲတီစိမ်း စတင်စိုက်ပျိုးခြင်းအား မတ်လလယ်လောက်တွင် စတင်ကြဲပက်စိုက်ပျိုးကြကာ စိုက်ပျိုးပြီး ၄၅ ရက်ရှိလျှင် ပဲတီစိမ်းအဖူး၊ အပွင့်များ စတင်ပွင့်ပြီး ရက် ၆၀၊ နှစ်လပြည့်လျှင် စတင်ဆွတ်ခူးရကြောင်း ထွက်ရှိလာသည့် နွေပဲတီစိမ်းများအား ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ကျောက်ပန်းတောင်းမြို့များရှိ ပွဲရုံများသို့ သွားရောက်ရောင်းချကြကြောင်း သိရသည်။


ညောင်ဦးမြို့နယ် သူကောင်းတည်မြစ်ရေတင်မှရေသွင်းခ တစ်ဧကလျှင် နွေပဲတီစိမ်း တစ်သီးပြီးသည် အထိ ၃၀၀၀ ကျပ်ပေးသွင်းရပြီး၊ ရေသွင်းအကြိမ်ရေ ငါးကြိမ်၊ ခြောက်ကြိမ်အထိ ရေသွင်းပေးရကြောင်း သူကောင်းတည်မြစ်ရေတင် တာဝန်ခံ ဦးကျော်မြတ်သူ ပြောကြား၍ သိရကာ နွေပဲတီစိမ်းထွက်ရှိရောင်းချနေရကာ ပဲတီစိမ်း တစ်တင်း ၁၅၀၀၀၀ ကျပ်ရောင်းချနေရခြင်းကြောင့် မြစ်ရေတင်ဖြင့် ပဲတီစိမ်းစိုက်ပျိုး တောင်သူများ ဝင်ငွေတွက်ခြေ ကိုက်နေကြကြောင်း သိရပြီး ညောင်ဦးမြို့နယ်တွင် လျှပ်စစ်မြစ်ရေတင်၊ ဆိုလာလျှပ်စစ် မြစ်ရေတင်ဖြင့် နွေပဲတီစိမ်းများအား ကျောက်ကူးမြစ်ရေတင်၊ သူကောင်းတည်မြစ်ရေတင်၊ ငါ့သရောက်မြစ်ရေတင်၊ လက်ပံခြေပေါ်မြစ်ရေတင်တို့ဖြင့် နွေပဲတီစိမ်းများ အောင်မြင်ဖြစ်ထွန်းပြီး ဆွတ်ခူးရောင်းချချိန် ဈေးကောင်းရရှိလျက်ရှိကြောင်း သိရသည်။


ဒီပါလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)