တောင်သူ(၁၂၀)ဦးအား မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေကျပ်(၁၀၉၆ ဒဿမ ၅၀)သိန်းထုတ်ချေး - Myanmar National Post

Myanmar National Post

News Agency

Breaking

တောင်သူ(၁၂၀)ဦးအား မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေကျပ်(၁၀၉၆ ဒဿမ ၅၀)သိန်းထုတ်ချေး





ဘားအံ  ၊ မေ ၂၈


စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ၂၀၂၅ ခုနှစ် မိုးရာသီစိုက်ပျိုး စရိတ်ချေးငွေထုတ်ချေးရေးနှင့်ချေးငွေပေးအပ်ပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီက ဘားအံမြို့၊ ဇွဲကပင် ခန်းမ၌ ကျင်းပခဲ့သည်။

ဦးစွာပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ယနေ့ပေးအပ်လိုက်သည့်ချေးငွေများကို တောင်သူတစ်ဦးချင်း လက်ဝယ်သို့ မှန်မှန်ကန်ကန်ရောက်ရှိအောင် ထုတ်ပေးစေလိုပြီး အချေးမှန်မှ အဆပ်မှန်မှာဖြစ်သည့်အတွက် ထုတ်ချေးမှုမှန် ကန်ရေးသည်အရေးကြီးကာ တောင်သူများအနေဖြင့် ချေးငွေများကို မိမိတို့လယ်ယာလုပ်ငန်းတွင် အကျိုးရှိစွာအသုံးပြု၍ သီးနှံပေါ်ချိန်၊ ငွေရွှင်ချိန်တွင် အပြည့်အဝပြန်လည်ပေးသွင်းကြစေလိုကြောင်းပြောကြားသည်။

ထို့နောက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ကရင်ပြည်နယ်ဘဏ်ခွဲမန်နေဂျာက ၂၀၂၅ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးရေးနှင့်ပတ်သက်၍ သိသင့်သိထိုက်သည့်အချက်များကို ရှင်းလင်း တင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဘားအံခရိုင်အတွင်းရှိ ကျေးရွာအုပ် စု(၅)အုပ်စု၊ တောင်သူ(၁၂၀)ဦး၏ စိုက်ဧက (၇၃၁)ဧကအတွက် စိုက်ပျိုးစရိတ်ချေးငွေကျပ်(၁၀၉၆ ဒဿမ ၅၀)သိန်း ကိုပေးအပ်ချီးမြှင့်ကာ တောင်သူကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

ယခုနှစ်မိုးရာသီတွင် ကရင်ပြည်နယ်အတွင်းရှိမြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲများမှ ငွေကျပ် (၁၁၀၀၀)သိန်းကို ငွေကျပ်(၁၀၀)လျှင်တစ်နှစ် ၅ ရာခိုင်နှုန်း အတိုးနှုန်းဖြင့် ထုတ်ချေးပေးသွားမည် ဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေရယူကြသည့် တောင်သူများအား ရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ်ဆက်၍ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ဝန်ထမ်း များက တောင်သူများသို့ စနစ်တကျချေးငွေထုတ်ချေးပေးနေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေပေးအပ်ပွဲမစတင်မီ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် ပြည်နယ်မြေစာရင်းဦးစီးဌာနတို့မှ တာဝန်ရှိသူများက သီးနှံအထွက်နှုန်းတိုးတက်ရေးနည်းပညာများနှင့် ပတ်သက်၍လည်းကောင်း၊ မြေယာဥပဒေနှင့်ပတ်သက်၍လည်းကောင်း အသိပညာပေးဆွေးနွေး ဟောပြောခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)