လာအိုနိုင်ငံကို ရုရှားအစိုးရ ရှေ့နေချုပ် လာရောက်လည်ပတ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လာအိုနိုင်ငံကို ရုရှားအစိုးရ ရှေ့နေချုပ် လာရောက်လည်ပတ်


မေ - ၂၈ ( ဗုဒ္ဓဟူးနေ့ ) 

ရုရှားအစိုးရရှေ့နေချုပ် အီဂါ ခရက်နော့ဗ် သည် အင်္ဂါနေ့ညနေပိုင်းတွင် လာအိုနိုင်ငံသို့ရောက်ရှိလာခဲ့ပြီး နှစ်နိုင်ငံ တရားဥပဒေစိုးမိုးရေး အေဂျင်စီများအကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာ ဆွေးနွေးပွဲများ ပြုလုပ်ခဲ့ပါတယ်။  မော်စကိုသည် လာအိုနိုင်ငံအား လက်နက်နှင့် နည်းပညာများ ပံ့ပိုးပေးသည့် သမိုင်းကြောင်းအရ ဆိုဗီယက်ခေတ်ကတည်းက နှစ်နိုင်ငံ နီးကပ်သော ဆက်ဆံရေးရှိခဲ့ပါတယ်။ 

ခရက်နော့ဗ် သည် လာအိုနိုင်ငံခြားရေးဝန်ကြီး ဇေဆန်နာ ခေါ့ဖူတုန် အပါအဝင် အခြားအရာရှိများကို တွေ့ဆုံခဲ့သည့် အပြင်  ဗီယင်ကျန်းမြို့ဆိုင်ရာ ရုရှားသံအမတ်ကြီး ဗလာဒီမာကာလီနင် တို့နှင့်လည်း တွေ့ဆုံခဲ့ ပါတယ်။  ဆွေးနွေးပွဲများမှာ အနာဂတ် ပူးပေါင်းဆောင်ရွက်မှုအတွက် လမ်းပြမြေပုံကို လက်မှတ်ရေးထိုးနိုင်ရန် ကြိုးစားနေကြပါတယ်။

လာအိုနိုင်ငံခြားရေးဝန်ကြီး က ၂၀၂၄ ခုနှစ် စက်တင်ဘာလတွင် ရုရှားနိုင်ငံသို့ သွားရောက်လည်ပတ်စဉ်အတွင်း ခရက်နော့ဗ် နှင့် ယခင်က တွေ့ဆုံခဲ့ပြီး ရုရှားနိုင်ငံ အရှေ့ဖျားဖက်ဒရယ်တက္ကသိုလ်တွင် လာအိုနိုင်ငံသားများ အတွက် အခမဲ့ပညာသင်ကြားနိုင်ရေးအတွက် မူဘောင်တစ်ခု ထူထောင်ရန် ဆွေးနွေးခဲ့ကြပါတယ်။ 

၎င်း၏အရှေ့တောင်အာရှခရီးစဉ်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ခရက်နော့ဗ် သည် အင်္ဂါနေ့က ကမ္ဘောဒီးယား နိုင်ငံသို့ သွားရောက်ခဲ့ပြီး ဘုရင် နိုရိုဒမ်ဆီဟာမိုနီ နှင့်တွေ့ဆုံကာ တရားရေးဝန်ကြီးဌာနနှင့် အစိုးရရှေ့နေချုပ်ရုံး တို့ရဲ့ မိတ်ဖက်သဘောတူညီချက်များ လက်မှတ်ရေးထိုးခဲ့ပါတယ်။ ခရက်နေ့ဗ်  က "ဤစာရွက်စာတမ်းများသည် ကျွမ်းကျင်မှုဖလှယ်ခြင်းနှင့် ပူးတွဲသုတေသနနှင့် ပညာရေးဆိုင်ရာ ပရောဂျက်များ အပါအဝင် အပြန်အလှန် အကျိုးရှိသောအခြေခံဖြင့် ပူးပေါင်းဆောင်ရွက်နိုင်စေမည်ဖြစ်တယ်" လို့ ဆိုပါတယ်။ 

ဖနွမ်းပင်ခရီးစဉ်အတွင်း ရုရှားအစိုးရရှေ့နေက အကြမ်းဖက်ဝါဒ၊ အကျင့်ပျက်ခြစားမှုနှင့် စနစ်တကျဖွဲ့စည်း ထားသော ရာဇ၀တ်မှုများကို တိုက်ဖျက်ရန် နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အလေးပေး ပြောကြားခဲ့ပါတယ်။


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)