မေ - ၂၈ ( ဗုဒ္ဓဟူးနေ့ )
ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်တွေရဲ့ နေထွက်အင်ပါယာကို တရုတ်နိုင်ငံက အောင်နိုင်ခဲ့တဲ့ နှစ် ၈၀ပြည့်အခမ်းအနားကို ရုရှားဖက်ဒရေးရှင်း သမ္မတ ဗလာဒီမာပူတင် တက်ရောက်မယ်လို့ ရုရှား လုံခြုံရေး ကောင်စီ အတွင်းဝန် ဆာဂေးရှိုဂူက ပြောပါတယ်။
ရှိုဂူက က မော်စကိုမြို့တွင် တရုတ်ဗဟိုနိုင်ငံရေးနှင့် ဥပဒေရေးရာ ကော်မရှင် အကြီးအကဲ ချန်ဝမ်ကျင်း နှင့် အင်္ဂါနေ့က တွေ့ဆုံဆွေးနွေးပြီးနောက် အဆိုပါ ကြေညာချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါတယ်။ ချန်က တရုတ်နိုင်ငံတွင်ကျင်းပမည့်ပွဲအတွက် နိုင်ငံပေါင်း ၁၀၀ ကျော်မှ ကိုယ်စားလှယ်များကို ဖိတ်ခေါ်ထားတယ်လို့ မေလ ၂၉ ရက်အထိ သုံးရက်ကြာကျင်းပသည့် ၁၃ ကြိမ်မြောက် နိုင်ငံတကာ လုံခြုံရေးဆိုင်ရာ ဖိုရမ် တွင် ပြောကြားခဲ့ပါတယ်။ အထူးကိုယ်စားလှယ်များ အစည်းအဝေးအတွက် ရုရှားနိုင်ငံသို့ သွားရောက်မည်လည်းဖြစ်ပါတယ်။
"ရုရှားသမ္မတသည် စက်တင်ဘာလတွင် တရုတ်ပြည်သို့ လာလိမ့်မယ်" လို့ ရှိုဂူက ဆိုပါတယ်။
တရုတ်နိုင်ငံသည် ၁၉၄၅ ခုနှစ် တိုကျိုလက်နက်ချမှုနှင့် အာရှတွင် ဒုတိယကမ္ဘာစစ်ပြီးဆုံးခြင်းအထိမ်းအမှတ် စက်တင်ဘာ ၃ ရက်၌ နှစ်စဉ်နှစ်တိုင်း ဂျပန်အင်ပါယာ ရှုံးနိမ့်ခြင်းအထိမ်းအမှတ်အဖြစ် တရားဝင် ကျင်းပပါတယ်။ ယခုလအစောပိုင်းတွင် ကျင်းပခဲ့သည့် ဆိုဗီယက်ယူနီယံက နာဇီဂျာမနီကို အောင်နိုင်ခဲ့သည့် မေလ ၉ ရက်နေ့ အောင်ပွဲ အထိမ်းအမှတ်ကို တရုတ်သမ္မတ ရှီကျင့်ပင်က မော်စကိုမြို့သို့ နိုင်ငံတော် အလည်အပတ်အဖြစ် အခြားကမ္ဘာ့ခေါင်းဆောင်များနဲ့အတူ တက်ရောက်ခဲ့ပါတယ်။
ရုရှားနှင့် တရုတ်နှစ်နိုင်ငံစလုံးသည် သမိုင်းဝင်အမှန်တရားကို ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် ၎င်းတို့၏နိုင်ငံများ၏ စစ်အတွင်းစတေးမှုများကို အောက်မေ့သတိရရန် ကတိကဝတ်များထားရှိဖို့ ရုရှားနှင့် တရုတ်သမ္မတတို့နှင့် တွေ့ဆုံဆွေးနွေးစဉ်က အလေးပေးပြောကြားခဲ့ပါတယ်။
"ဒုတိယကမ္ဘာစစ်အတွင်း ဆိုဗီယက်ယူနီယံက လူ ၂၇ သန်းကို အမိမြေမှာပဲ ယဇ်ပူဇော်ခံလိုက်ရသလို လွတ်လပ်ရေးရဖို့အတွက် တရုတ်နိုင်ငံရဲ့ စစ်ပွဲမှာ လူ ၃၇ သန်း အသက်ဆုံးရှုံးခဲ့ရပါတယ်။ ကွန်မြူနစ်ပါတီရဲ့ ဦးဆောင်မှုအောက်မှာ ဒီအောင်ပွဲဟာ အောင်မြင်ခဲ့ပါတယ်" လို့ ပူတင်က စွန့်လွှတ်အနစ်နာခံမှုများကို အလေးပေးပြောဆိုခဲ့ပါတယ်။
REF: RT
https://t.me/MyanmarNationalPost
No comments:
Post a Comment