အိန္ဒိယ - ပါကစ္စတန် ၂နိုင်ငံ တင်းမာမှုကို ဖြေရှင်းရန်အတွက် လာရော့ဗ် ကြိုးစားနေပြီ - Myanmar National Post

Myanmar National Post

News Agency

Breaking

အိန္ဒိယ - ပါကစ္စတန် ၂နိုင်ငံ တင်းမာမှုကို ဖြေရှင်းရန်အတွက် လာရော့ဗ် ကြိုးစားနေပြီ

 


မေ - ၅ ( တနင်္လာနေ့ ) 

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာရော့ဗ် က အစ္စလာမာဘတ်နှင့် နယူးဒေလီကြား တင်းမာမှုများ တိုးမြင့်လာမှုကို လျှော့ချနိုင်ရန်အတွက် ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး အီရှက်ဒါး နှင့် ဖုန်းခေါ်ဆိုဆွေးနွေးခဲ့ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ခဲ့ပါတယ်။ 

လာရော့ဗ်က တင်းမာမှုများ ဖြေလျှော့ရန် ငြိမ်းချမ်းသော ကြိုးပမ်းမှုများနဲ့ ပတ်သက်ပြီး မော်စကို၏ ဆန္ဒကို ထုတ်ဖော်ခဲ့ပါတယ်။ “အစ္စလာမာဘတ်နှင့် နယူးဒေလီတို့မှ နှစ်ဦးနှစ်ဖက် အကျိုးစီးပွားရှိလျှင် ဧပြီ ၂၂ ရက်က ပါဟယ်ဂမ် အကြမ်းဖက်တိုက်ခိုက်မှုအပြီး ဖြစ်ပွားခဲ့သော အခြေအနေများ၏ နိုင်ငံရေးဖြေရှင်းမှုတွင် ရုရှားဘက်မှ ကူညီပေးရန် အသင့်ရှိကြောင်း အလေးပေးပြောကြားခဲ့သည်” ဟု ဝန်ကြီးဌာနက ဆိုပါတယ်။ အဆိုပါ ခေါ်ဆိုမှုသည် ပါကစ္စတန်၏ တောင်းဆိုမှုဖြင့် ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိပါတယ်။ 

စနေနေ့တုန်းက လာရော့ဗ် သည် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး အက်စ် ဂျေးရှန်ကာ နဲ့ စကားပြောခဲ့ပါတယ်။ ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ လောရော့ဗ် အနေနဲ့ တောင်အာရှနိုင်ငံနှစ်နိုင်ငံ ယခင်က သဘောတူညီထားသည့် ၁၉၇၂ ဆင်းမလားသဘောတူညီချက်နှင့် ၁၉၉၉ လာဟိုး ကြေညာချက် ပါ ပြဋ္ဌာန်းချက်များနှင့်အညီ "နိုင်ငံရေးကို သံတမန်နည်းလမ်းဖြင့် နယူးဒေလီနှင့် အစ္စလာမာဘတ်တို့ကြား သဘောထားကွဲလွဲမှုများကို ပြေလည်အောင်ဖြေရှင်းရန်" တိုက်တွန်းခဲ့ပါတယ်။ 


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)