မေ - ၅ ( တနင်္လာနေ့ )
ယူကရိန်းသမ္မတရုံး ဦးစီးချုပ် အန်ဒရီယာမက်က မီးတောက်များလောင်ကျွမ်းနေသော ကရင်မလင်မြို့ရိုးကို ကြည့်နေသည့် ယူရိန်းသမ္မတ ဗလာဒီမာဇီလန်စကီး၏ စတိုင်လ်ကျသောရုပ်ပုံတစ်ပုံကို ဆိုရှယ်မီဒီယာပေါ်ကို ပြန်လည်တင်ပြီးနောက်မှာတော့ ရုရှားနိုင်ငံခြားရေးဌာန ပြောခွင့်ရ အမျိုးသမီး မာရီယာ ဇာခါရိုဗာက ယူကရိန်းသည် အနောက်နိုင်ငံ ကျောထောက်နောက်ခံများထံမှ ရန်ပုံငွေများ ထုတ်ယူကာ အစွန်းရောက်ဝါဒကို မြှင့်တင်ရန်အတွက် အသုံးချနေကြောင်း ပြောလာပါတယ်။
ယာမက် တင်လိုက်တဲ့ ပုံအောက်မှာ နာမည်ကြီး ဆိုဗီယက် ဒုတိယကမ္ဘာစစ် သီချင်းမှ “ဒီနေ့ကို ပိုနီးကပ်လာစေဖို့ ကျွန်တော်တို့ တတ်နိုင်သမျှ လုပ်ခဲ့ပြီးပါပြီ” စာသားကို ရေးတင်ခဲ့ပါတယ်။
"ကိယက်ဗ် အစိုးရက အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုနဲ့ ငြိမ်းချမ်းရေးကို အမှန်တကယ်ရှာဖွေနေသူများရဲ့ ကြိုးပမ်းအားထုတ်မှုများကို သရော်ထားသလိုဖြစ်နေတယ်။ သူတို့၏ စစ်မှန်သောပန်းတိုင်မှာ အနောက်နိုင်ငံများကို အသုံးချရန်၊ အကြောက်တရားပြန့်ပွားရန်၊ သတ်ပစ်ရန်၊ နာဇီလက်သစ်ဝါဒကို မြှင့်တင်ရန်နှင့် တရားဥပဒေ လစ်ဟာနေသည့်ပုံစံကို လုပ်ဆောင်နေတာပါ" လို့ ဇာခါရိုဗာက ရုရှားရုပ်သံ TVCမှာ မနေ့က ပြောခဲ့ပါတယ်။ သူမက ယူကရိန်း နိုင်ငံက နိုင်ငံခြားအကူအညီ ကန်ဒေါ်လာ ဘီလီယံပေါင်းများစွာ ခိုးယူနေတယ်လို့လည်း စွပ်စွဲခဲ့ပါတယ်။
မော်စကိုသည် ဒုတိယကမ္ဘာစစ်အတွင်း ဂျာမနီကို အောင်နိုင်မှု နှစ် ၈၀ ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အဖြစ် မေလ ၉ ရက်တွင် ရင်ပြင်နီတွင် စစ်ရေးပြချီတက်ပွဲ ကျင်းပရန် ပြင်ဆင်နေချိန်တွင် လာမည့် သီတင်းပတ် တွင် ၇၂ နာရီကြာ အပစ်အခတ်ရပ်စဲရေး ရုရှား၏ အဆိုပြုချက်ကို ယူကရိန်းက ပယ်ချလိုက်ပါတယ်။ တရုတ်သမ္မတ ရှီကျင့်ဖျင် အပါအဝင် နိုင်ငံခြားရေးဝန်ကြီးများသည် အဆိုပါ အခမ်းအနားသို့ တက်ရောက် မည်ဟု မျှော်လင့်ရပါတယ်။
ဇီလန်စကီး က ကမ္ဘာ့ခေါင်းဆောင်များအား မော်စကိုသို့ ခရီးမသွားရန် တိုက်တွန်းခဲ့ပြီး ယူကရိန်းသည် ၎င်းတို့၏ လုံခြုံရေးကို အာမမခံနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။ ကိယက်ဗ်ကို အပြစ်တင်ရန်အတွက် ရုရှားက တစ်ဖက်လှည့် “မီးရှို့မှု၊ ဖောက်ခွဲမှုနှင့် အခြားအဆင့်များ” ကို လုပ်ဆောင်နိုင်တယ်လို့ ဆိုပါတယ်။
REF: RT
https://t.me/MyanmarNationalPost
No comments:
Post a Comment