အီးယူက အစ္စရေးကို ထောက်ခံနေတာက သမိုင်းတရာခံဖြစ်လာလိမ့်မယ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အီးယူက အစ္စရေးကို ထောက်ခံနေတာက သမိုင်းတရာခံဖြစ်လာလိမ့်မယ်


မေ - ၅ ( တနင်္လာနေ့ ) 

သိမ်းပိုက်ခံထားရသော ပါလက်စတိုင်းနယ်မြေများဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဖရန်ဆက်ကာ အယ်လ်ဘားနီးစ် က ဂါဇာတွင် အစ္စရေး၏ “စစ်ရာဇ၀တ်မှုများ” ကို ပံ့ပိုးပေးသည့်အတွက် ဥရောပသမဂ္ဂ (အီးယူ) ခေါင်းဆောင်ပိုင်းကို တာဝန်ယူသင့်ကြောင်း ပြောကြားခဲ့သည်။

စနေနေ့ကထုတ်ဝေသော The Intercept သတင်းဌာန နှင့်အင်တာဗျူးတွင် အယ်လ်ဘာနီးစ်သည် ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာဗွန်ဒါလီယန် နှင့် EU ၏ထိပ်တန်းသံတမန် ကာဂျာ ကောလက်စ် တို့ကို ရည်စူးပြီးပြောခဲ့တာပဲ ဖြစ်ပါသည်။

“အီးယူရဲ့ အမြင့်ဆုံးပုဂ္ဂိုလ်နှစ်ဦးက အစ္စရေးနဲ့ ပုံမှန်အတိုင်း ဆက်ဆံမှုတွေ ဆက်လုပ်နေတယ်ဆိုတဲ့အချက်က စိတ်ပျက်ဖွယ်ကောင်းလောက်အောင်ပါပဲ” ဟု သူမက ပြောကြားခဲ့သည်။

“သမိုင်းက သူတို့ကို တရားစီရင်လိမ့်မယ် လို့ ကျမ မပြောချင်ဘူး။ အဲ့ဒိထက်စောပြီး သူတို့ကို တရားစီရင် ရမှာပါ။ ပြီးတော့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အပြစ်ပေးမှု မညီမျှဘူးဆိုတာ သူတို့ နားလည်ရလိမ့်မယ်” ဟု ကုလသမဂ္ဂ ကျွမ်းကျင်သူက ပြောကြားခဲ့သည်။

ဂါဇာကမ်းမြောင်ဒေသရှိ ပါလက်စတိုင်းတွေအပေါ် အစ္စရေးက ရာဇ၀တ်မှုများ ကျူးလွန်နေတာနဲ့ပတ်သက်ပြီး အယ်လ်ဘန်နီစ်က ဘဏ်များ၊ ပင်စင်ရန်ပုံငွေများ၊ နည်းပညာကုမ္ပဏီများနှင့် တက္ကသိုလ်များပါဝင်တဲ့ အင်စတီကျူးရှင်းများနှင့် အဖွဲ့အစည်းများ၏ အခန်းကဏ္ဍကို ဖော်ထုတ်သည့် အစီရင်ခံစာတစ်ခု ကို လုပ်ဆောင်နေသည်ဟု ဆိုသည်။

“တရားမ၀င် အလုပ်အကိုင်နဲ့ ပတ်သက်ဆက်နွယ်နေတဲ့ သူတွေအားလုံးက အထောက်အပံ့တွေပေးရာမှာ နိုင်ငံတကာ ဥပဒေချိုးဖောက်မှုတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကူညီပေးနေပြီး ရာဇ၀တ်မှုတွေအတွက် အများအပြား ပါဝင်နေပါတယ်” ဟု အယ်လ်ဘာနီစ်က ပြောကြားခဲ့သည်။ "ထိုကဲ့သို့သော ရာဇ၀တ်မှုများကို ကူညီဆောင်ရွက်ပေးနေသူများ သို့မဟုတ် ထောက်ပံ့ပေးကမ်းနေသူများအတွက် တစ်ဦးချင်းတာဝန်ယူကို ယူရပါလိမ့်မယ်” လို့ပြောသွားပါသည်။ 


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)