နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနကျောင်းများတွင် ရလဒ်အခြေပြုပညာရေးစနစ် (Outcome-based Education System) ကို အကောင်အထည်ဖော်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနကျောင်းများတွင် ရလဒ်အခြေပြုပညာရေးစနစ် (Outcome-based Education System) ကို အကောင်အထည်ဖော်ဆောင်ရွက်


နေပြည်တော်၊ မေ ၅

သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနရှိ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ကျောင်းများတွင် ရလဒ်အခြေပြု ပညာရေးစနစ် (Outcome-based Education System)ကို အကောင်အထည်ဖော် ဆောင်ရွက်နေပြီး နည်းပညာရှင်များကို စံအရည်အသွေးပြည့်မီစွာ တစ်ပြေးညီမွေးထုတ်ပေးနိုင်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းကောင်း များဖော်ဆောင်ကာ ဘဝရပ်တည်မှုခိုင်မာစေရေးအတွက် အစိုးရစက်မှုလက်မှုသိပ္ပံ (GTI) များ၌ Dublin Accord နှင့် အညီ A.G.T.I  သင်တန်းများကိုလည်းကောင်း၊ အစိုးရနည်းပညာကောလိပ် (GTC) များ၌ Sydney Accord နှင့်အညီ B.Tech. သင်တန်းများကိုလည်းကောင်း ဖွင့်လှစ်ဆောင်ရွက်လျက်ရှိပြီး Bloom’s Taxonomy မူဘောင်အဆင့်များအတိုင်း မေးခွန်းများကိုပြုစုကာ တစ်ဆင့်မြင့် ပေါင်းကူးတက်ရောက်နိုင်သည့် သင်တန်းနှစ်များအတွက် တစ်ပြေးညီ မေးခွန်းများကို ကျောင်းများအားလုံး ဖြေဆိုရကာ အဖြေလွှာများကို ဗဟိုဦးစီးစနစ်ဖြင့် စစ်ဆေးဆောင်ရွက်လျက်ရှိသည်။

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ဧပြီလ ၃၀ ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်ရှိ  ကိုရီးယား-မြန်မာနည်းပညာ၊ သက်မွေးပညာနှင့်  လေ့ကျင့်ရေးဆိုင်ရာ ဆရာအတတ်သင်သိပ္ပံ Korea-Myanmar TVET Teacher Training Institute (KMTTTI) သို့ ရောက်ရှိခဲ့ပြီး  ဗဟိုဦးစီးစနစ်ဖြင့် အဖြေလွှာများ စစ်ဆေးဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးသည်။

ဦးစွာ ဒုတိယဝန်ကြီးသည် စာစစ်မှူးချုပ်၊ ကျောင်းအုပ်ကြီးများ၊ စာစစ်တာဝန်ရှိသူများနှင့်တွေ့ဆုံ၍   ညွှန်ကြားချက်များအတိုင်း စနစ်တကျ အမှားအယွင်းမရှိအောင် စစ်ဆေးဆောင်ရွက်သွားရန်၊ စစ်ဆေးပြီး အဖြေလွှာများကို  စနစ်တကျ ပြန်လည်သိမ်းဆည်းရန်၊ အချက်အလက်များ လုံခြုံရေးအထူးဂရုပြုရန်နှင့်  လိုအပ်သည်များ မှာကြားကာ ကျောင်းအလိုက် အခက်အခဲလိုအပ်ချက်တင်ပြသည်များကို ဖြေရှင်းဖြည့်ဆည်းဆောင်ရွက်ပေးပြီး  စာစစ်ခန်းများတွင် ဆရာ၊ဆရာမများက အဖြေလွှာများကိုသတ်မှတ်ချက်များနှင့် အညီ စစ်ဆေးနေမှုများကို လှည့်လည်ကြည့်ရှုအားပေးကာ လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)