၂ဝ၂၅ ခုနှစ်၊ ရေကြောင်းနှင့် လေကြောင်းလူငယ် အခြေခံသင်တန်းများနှင့် တန်းမြင့်သင်တန်းများကို သက်ဆိုင်ရာမြို့နယ်အသီးသီး၌ လေ့ကျင့်သင်ကြားပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂ဝ၂၅ ခုနှစ်၊ ရေကြောင်းနှင့် လေကြောင်းလူငယ် အခြေခံသင်တန်းများနှင့် တန်းမြင့်သင်တန်းများကို သက်ဆိုင်ရာမြို့နယ်အသီးသီး၌ လေ့ကျင့်သင်ကြားပေးလျက်ရှိ





နေပြည်တော်၊ မေ ၇

ကျောင်းသား၊ ကျောင်းသူ မျိုးဆက်သစ်လူငယ်မောင်မယ်များကို နွေရာသီ ကျောင်းပိတ်ရက်ကာလအတွင်း အသိပညာများဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ရက် များအကျိုးရှိစေရန်၊ မိမိဝါသနာပါသည့် ပညာရပ်များကို လေ့လာဆည်းပူးနိုင်စေရန် နှင့်နိုင်ငံတော်အတွက် ရေကြောင်းပညာ၊ လေကြောင်းပညာကျွမ်းကျင်သော အနာဂတ် မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ တပ်မတော်(ရေ)က ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းများ၊ တပ်မတော်(လေ)က အခြေခံ လေကြောင်းလူငယ်သင်တန်းနှင့် တန်းမြင့်လေကြောင်း လူငယ်သင်တန်းဖွင့်ပွဲများကို ဧပြီ ၂၂ ရက်တွင် သက်ဆိုင်ရာ မြို့နယ်အသီးသီးရှိ သင်တန်းစခန်းများ၌ တစ်ပြိုင်တည်း စတင်ဖွင့်လှစ်ခဲ့ပြီး လေ့ကျင့်သင်ကြားပေးလျက်ရှိသည်။

ထိုသို့ လေ့ကျင့်သင်ကြားပေးလျက်ရှိရာ အခြေခံလေကြောင်းလူငယ်သင်တန်း အမှတ်စဉ်(၁/၂၀၂၅)နှင့်တန်းမြင့်လေကြောင်းလူငယ်သင်တန်းအမှတ်စဉ်(၁/၂၀၂၅)သင် တန်းများကို ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ)၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် သင်တန်းစခန်း ၁၅ ခုတွင် စုစုပေါင်းသင်တန်းသား ၈၀၄ ဦးဖြင့် ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့မှ စတင်၍ ဖွင့်လှစ်လျက်ရှိရာ မိတ္ထီလာမြို့ရှိ မြန်မာပြည်မြောက်ပိုင်းသင်တန်းစခန်းမှ သင်တန်းသား ၅၀ ဦးအား လည်းကောင်း၊ မော်လမြိုင်မြို့ရှိ မော်လမြိုင်သင်တန်း စခန်းမှ သင်တန်းသား ၅၁ ဦး အား လည်းကောင်း၊ နမ့်စန်မြို့ရှိ နမ့်စန်သင်တန်းစခန်းမှ သင်တန်းသား ၅၄ ဦးအားလည်းကောင်း၊ နေပြည်တော်ကောင်စီနယ်မြေရှိနေပြည်တော်သင်တန်းစခန်းမှ သင်တန်းသား ၆၅ ဦးအားလည်းကောင်း၊ ကျိုင်းတုံမြို့ရှိ ကျိုင်းတုံသင်တန်းစခန်းမှ သင်တန်းသား ၅၆ ဦးအားလည်းကောင်း အခြေခံစစ်ရေးပြ ဘာသာရပ်၊ လေကြောင်းပညာသမိုင်းဘာသာရပ်၊ လေယာဉ်ပျံသန်းမှု အခြေခံသဘော တရားဘာသာရပ်၊ လေကြောင်းဆိုင်ရာ အခြေခံဗဟုသုတများဘာသာရပ်၊ Airfield Procedure ဘာသာရပ်၊ လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းနှင့် ဇာတိသွေး ဇာတိမာန်ဘာသာရပ်၊ RC လေယာဉ်/ရဟတ်ယာဉ်မောင်းနှင်ခြင်း ဘာသာရပ်၊ RC Simulator နှင့် Flight Simulator မောင်းနှင်ခြင်းဘာသာရပ်များကို တာဝန်ရှိသူ နည်းပြများမှ လေ့ကျင့်သင်ကြားပေးနေမှုများအားတွေ့မြင်ရပြီး ကျန် သင်တန်းစခန်း အသီးသီးတွင်လည်း ဆက်လက်လေ့ကျင့် သင်ကြားပို့ချပေးလျက်ရှိသည်။

ထို့ပြင်တပ်မတော်(လေ)၏ နေ့စဉ်ဆောင်ရွက်လျက်ရှိသော လုပ်ငန်းဆောင်တာ များကို သိရှိ နားလည်စေရန်အတွက် လေတပ်စခန်းဌာနချုပ်များနှင့် လေတပ်စခန်းများရှိပျံသန်းရေးအုပ်များ၊ ပြုပြင်ထိန်းသိမ်းရေးအလုပ်ရုံများသို့ သွားရောက်၍ လက်တွေ့ ကွင်းဆင်းလေ့လာခြင်းများလည်း ဆောင်ရွက်ခဲ့ကြသည်။

ထို့အတူ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကျော်လင်းမောင်နှင့် အဖွဲ့ဝင်များသည် မော်လမြိုင်မြို့၊ ရွှေနတ်တောင်ရေလှောင်တမံ၌ ရေကြောင်းလူငယ်အခြေခံ/တန်းမြင့် သင်တန်းအမှတ် စဉ်(၁/၂၀၂၅)သို့ တက်ရောက်သင်ကြားလေ့ကျင့်လျက်ရှိသည့် သင်တန်းသားများအား ရေကြောင်းဆိုင်ရာ ဘာသာရပ်များဖြစ်သော အနောက်တိုင်းလေးယောက် လှော်လှေ (Tub Four) လေ့ကျင့်လှော်ခတ်ခြင်းနှင့် ရွက်လှေ (Optimoist Boat) အား လက်တွေ့ပို့ချသင်ကြားနေမှုအား လည်းကောင်း၊ မော်လမြိုင်မြို့၊ အခြေခံပညာအထက် တန်းကျောင်း(ရွှေနတ်တောင်)၌ အခြေခံလေကြောင်းလူငယ်သင်တန်းအမှတ်စဉ် (၁/၂၀၂၅)သို့ တက်ရောက်သင်ကြားလေ့ကျင့်လျက်ရှိသည့် လေကြောင်းလူငယ် သင်တန်း သားများအား လေကြောင်းဆိုင်ရာ ဘာသာရပ်များ သင်ကြားပို့ချနေမှုများအား လည်းကောင်း လိုက်လံကြည့်ရှုအားပေးသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်အဖွဲ့ဝင်များသည် သင်တန်းများ အတွက် ချီးမြှင့်ငွေများ ပေးအပ်ကာ သင်တန်းတာဝန်အရာရှိများ၊ သင်တန်းနည်းပြ များနှင့်တွေ့ဆုံကာ သင်တန်းအတွက် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးပြီး သင်တန်းသား/သင်တန်းသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)