ကန့်ဘလူမြို့နယ်၊ သင်ပေါင်းကျင်းကျေးရွာကို PDF အမည်ခံအကြမ်းဖက်သမားများက Drop Bomb များပစ်ချတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူတစ်ဦး သေဆုံး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကန့်ဘလူမြို့နယ်၊ သင်ပေါင်းကျင်းကျေးရွာကို PDF အမည်ခံအကြမ်းဖက်သမားများက Drop Bomb များပစ်ချတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူတစ်ဦး သေဆုံး

 


နေပြည်တော်၊ မေ ၇ 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ သင်ပေါင်းကျင်းကျေးရွာကို PDF အမည်ခံအကြမ်းဖက်သမားများက ယနေ့နံနက်ပိုင်းတွင် Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခဲ့သဖြင့် အပြစ်မဲ့ပြည်သူများ သေဆုံး၊ ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ မေ ၆ ရက် နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်တွင် ကန့်ဘလူမြို့နယ်၊ သင်ပေါင်းကျင်းကျေးရွာအား PDF အမည်ခံအကြမ်းဖက်သမားများက ကျေးရွာ၏ တောင်ဘက် မီတာ ၈၀၀ ခန့်အမြင့်မှနေ၍ Drone ဖြင့် Drop Bomb များ လာရောက်ပစ်ချ တိုက်ခိုက်ခဲ့ရာ ဗုံသီးများ ကျရောက်ပေါက်ကွဲမှုကြောင့် အေးချမ်းစွာ နေထိုင်လုပ်ကိုင်နေကြသည့် အပြစ်မဲ့ပြည်သူ အမျိုးသား ၁ ဦးသေဆုံးခဲ့ပြီး အမျိုးသား ၁ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့သည်။

PDF အမည်ခံအကြမ်းဖက်သမားများ၏ ယခုကဲ့သို့ အေးချမ်းစွာနေထိုင် နေကြ သော ဒေသခံပြည်သူများ နေထိုင်ရာကျေးရွာများအတွင်းသို့ Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခဲ့သည့်လုပ်ရပ်များအပေါ် ဒေသခံပြည်သူများက ရွံ့ရှာစက်ဆုပ် မုန်းတီး လျက်ရှိကြောင်းနှင့် ၎င်းတို့၏အကြမ်းဖက်လုပ်ရပ်များကို လုံးဝလက်ခံနိုင်ခြင်းမရှိသည့်အတွက် တပ်မတော် ၏ အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်မှုတွင် အားတတ်သရော ပူးပေါင်းပါဝင် ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)