မေ- ၈ ( ကြာသပတေးနေ့ )
မနေ့က မနက်အစောပိုင်းမှာ လုပ်ခဲ့တဲ့ အိန္ဒိယစစ်တပ်ရဲ့ အော်ပရေးရှင်းဆင်ဒိုး နဲပတ်သက်ပြီး ထောက်ခံတယ်လို့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။ "ဧပြီလ ၂၂ ရက်နေ့က ပါဟယ်ဂန်မှာ ဖြစ်သွားတဲ့ အကြမ်းဖက်မှုနဲ့ ပတ်သက်ပြီး ပြင်သစ်နိုင်ငံက ရှုံ့ချပါတယ်၊ အကြမ်းဖက်သမားတွေကို နှိမ်နင်းတဲ့ အိန္ဒိယအစိုးရရဲ့ လုပ်ရပ်တွေကိုလည်းထောက်ခံပါတယ်။ အိန္ဒိယနဲ့အတူ တစည်းတလုံးထဲ ရှိပါတယ်။ အကြမ်းဖက်အုပ်စုတွေကို တိုက်ခိုက်တဲ့ နေရာမှာ ပြင်သစ်နိုင်ငံက တစ်ထောင့်တစ်နေရာက ပါဝင်ပါမယ်။ အရပ်သား အထိအခိုက်တွေကို တတ်နိုင်သလောက် လုပ်ပေးဖို့ အိန္ဒိယအစိုးရကိုလည်း တောင်းဆိုပါတယ်" လို့ ဆိုသွားပါတယ်။
အော်ပရေးရှင်း ဆင်ဒိုးကို လက်တုံ့ပြန်တဲ့အနေနဲ့ ပါကစ္စတန်စစ်တပ်က အမြောက်များနဲ့ အိန္ဒိယနိုင်ငံပိုင် ကတ်ရှ်မီးယားဒေသဖက် ကို ပြန်လည်ပစ်ခတ်ရာမှာ အရပ်သား ၁၅ ဦး သေဆုံးပြီး ၄၃ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ အိမ်ခြေတော်တော်များများ ပျက်စီးကုန်ပါတယ်။ အိန္ဒိယစစ်တပ်ကလည်း ပါကစ္စတန်ဘက်ကို အမြောက်များနဲ့ ပြန်လည်ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ခဲ့ပါတယ်။
REF: Ani news
https://t.me/MyanmarNationalPost


No comments:
Post a Comment