ပေါင်၊ ဧပြီ ၂၈
၁၃၈၇ခုနှစ်၊ ကဆုန်လပြည့်(ဗုဒ္ဓနေ့) ဖြစ်သည့် နေ့ထူးနေ့မြတ်တွင် မြန်မာ့ ရိုးရာယဉ်ကျေးမှု အစဉ်အလာမပျက် နှစ်စဉ်ကျင်းပမြဲဖြစ်သည့် ကဆုန် ညောင်ရေသွန်းပွဲတော်ကို အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ နံနက်
(၁၀)နာရီက ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးထင်လင်းအောင် က ဌာနဆိုင်ရာများများအနေဖြင့်
ကဆုန် လပြည့်(ဗုဒ္ဓနေ့)ဖြစ်သည့် နေ့ထူး နေ့မြတ် တွင် ကျိုက်ပေါင်းစေတီအတွင်းရှိမြတ်ဗုဒ္ဓ ၏ မျက်နှာတော်အား ရေသပ္ပာယ်ခြင်း၊ အမွှေးနံ့သာများဆက်ကပ်ခြင်း၊ မျက်နှာတော်ကို ရောင်တော်ဖွင့်ခြင်း၊ ဆွမ်းဆန်စိမ်းလောင်းလှူခြင်းနှင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အစဉ်အလာ မပျက် နှစ်စဉ်ကျင်းပမြဲဖြစ်သည့် ကဆုန်ညောင်ရေသွန်းပွဲတော်တို့ကို စည်ကား သိုက်မြိုက်စွာ ကျင်းပနိုင်ရေး အတွက် ကော်မတီဝင်များအားလုံးက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြရန် ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ရဲမှူးသံမရောင် က ဌာနဆိုင်ရာများအနေဖြင့် ပြည်သူများနှင့်အတူ စတုဒီသာများ ကျွေးမွေးလှူဒါန်းနိုင်ရေးပူးပေါင်းဆောင်ရွက်နိုင် ပါရန်ပြောကြားခဲ့ပြီး ဌာနဆိုင်ရာများက ပူးပေါင်းလှူဒါန်းမှု အခြေအနေများကို တင်ပြဆွေးနွေးရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ နှင့်အဖွဲ့ဝင်များက လိုအပ်သည်များ ဖြည့်ဆည်ဆွေးနွေးခဲ့သည်။
ကဆုန်ညောင်ရေသွန်းပွဲတော် ကိုကျိုက်ပေါင်းဆံတော်ရှင် ရှိ မဟာဗောဓိညောင်ပင်နှင့်ရွှေတီဂုံစေတီတော်မြတ်ကြီးတို့၌ ညောင်ရေ သွန်းလောင်းဆောင်ရွက်ခြင်းအပြင် စတုဒီသာများဧည့်ခံကျွေးမွေးသွားမည်ဖြစ်သည်။ထို့ပြင် ထန်းပင်ချောင်ကြီးကျေးရွာ ဗောဓိတစ်ထောင်စေတီအပါအဝင် ဇင်းကျိုက်ရပ်ကွက်ရှိဘုရားစေတီနှင့်မြို့နယ်အတွင်းရှိအချို့ နေရာများတွင် ညောင်ရေသွန်းပွဲတော်နှင့် စတုဒီသာများ ဧည့်ခံကျွေးမွေးသွားမည်ဖြစ်ကြောင်းသိရသည်။
မွန်မလေး
https://t.me/MyanmarNationalPost



No comments:
Post a Comment