မြန်အောင်ခရိုင်၊ ခရိုင်အဆင့် အခြေခံပညာအထက်တန်းဆင့်၊ အလယ်တန်းဆင့်နှင မူလတန်းဆင့် ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲဖွင့်ပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်အောင်ခရိုင်၊ ခရိုင်အဆင့် အခြေခံပညာအထက်တန်းဆင့်၊ အလယ်တန်းဆင့်နှင မူလတန်းဆင့် ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲဖွင့်ပွဲ အခမ်းအနားကျင်းပ



မြန်အောင်  ၊  မေ ၁၉


ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ခရိုင်အဆင့် အခြေခံပညာအထက်တန်းဆင့်၊ အလယ်တန်းဆင့်နှင့် မူလတန်းဆင့် ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်က အ ထ.က ထန်းသုံးပင်ကျောင်းခန်းမတွင် ကျင်းပသည်။


ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်က အဖွင့်အမှာစကားပြောကြားပြီး မြန်အောင်ခရိုင်ပညာရေးမှူး ဦးမြင့်အောင်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး သင်တန်းနည်းပြ ဆရာ၊ ဆရာမများနှင့် စုပေါင်းမှတ်တမ်းဓါတ်ပုံရိုက်ကူးခဲ့သည်။


မြန်အောင်ခရိုင်၊ ခရိုင်အဆင့် အခြေခံပညာအထက်တန်းဆင့်၊ အလယ်တန်းဆင့်နှင့် မူလတန်းဆင့် ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲများကို မြန်အောင်မြို့နယ်အတွင်း အထက်တန်းဆင့် သင်တန်းသား ဆရာ/ဆရာမ(၂၁၁)ဦး၊ အထက်တန်းဆင့်နည်းပြ ဆရာ/ဆရာမ(၁၆)ဦး၊ အလယ်တန်းဆင့် သင်တန်းသား ဆရာ/ဆရာမ(၃၀၈)ဦး၊ အလယ်တန်းဆင့်နည်းပြ ဆရာ/ဆရာမ (၂၂)ဦး၊ မူလ တန်းဆင့်သင်တန်းသား ဆရာ/ဆရာမ (၁၂၁၃) ဦး၊ မူလတန်းဆင့်နည်းပြ ဆရာ/ဆရာမ (၇၁)ဦး တို့တက်ရောက်ကြပြီး အထက်တန်းဆင့်သင်တန်းကို (အ.ထ.က) ထန်းသုံးပင်ကျောင်း၊ အလယ်တန်းဆင့်သင်တန်းကို (အ.လ.က) လက်ပံရပ်ကျောင်းနှင့် မူလတန်းဆင့်သင်တန်းကို အ.ထ.က(၂) မြန်အောင်/အ.ထ.က(၁) မြန်အောင်တို့တွင် မေလ ၁၈ ရက်နေ့မှ မေလ ၂၀ ရက် နေ့အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။


ဝင်းဗိုလ်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)