မေ - ၁၉ ( တနင်္လာနေ့ )
ပြင်သစ်အစိုးရက ရိုမေးနီးယားရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ရှေးရိုးစွဲဝါဒီတွေရဲ့အသံတွေ ထွက်မလာအောင် တားဆီးတဲ့အနေနဲ့ တယ်လီဂရမ်အကောင့်တွေကို ပိတ်ပင်ရန်ကြိုးစားခဲ့တယ်လို့ တယ်လီဂရမ်တည်ထောင်သူ ပါဗယ်ဒူရော့ဗ် က မနေ့က ပြောကြားလိုက်ပါတယ်။
ပါဗယ်ဒူရော့ဗ် ၎င်းကိစ္စနဲ့ပတ်သက်ပြီး ပြင်သစ်နိုင်ငံလို့ တိုက်ရိုက်အမည်မတပ်ဘဲ ပြင်သစ်နိုင်ငံထုတ် ဘာဂတ်တီပေါင်မုန့် အီမိုဂျီနဲ့ ရေးသားခဲ့တာဖြစ်ပါတယ်။ “တယ်လီဂရမ်သည် ရိုမေးနီးယားအသုံးပြုသူများ၏ လွတ်လပ်ခွင့်များကို ကန့်သတ်ခြင်း သို့မဟုတ် ၎င်းတို့၏ နိုင်ငံရေးလမ်းကြောင်းများကို ပိတ်ပင်မည်မဟုတ်” ဟု ပို့စ်တစ်ခုတွင် ၎င်းက ပြောကြားခဲ့ပါတယ်။
ဒူရော့ဗ်ရဲ့ ထုတ်ပြန်ချက်ကို ပြင်သစ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ချက်ခြင်းပင် “အတု” ဖြစ်ကြောင်း ကြေညာခြင်းဖြင့် ပြန်လည်တုံ့ပြန်ခဲ့သည်။ "မကြာသေးမီက ပြင်သစ်အပေါ်စွပ်စွဲချက်များသည် ရိုမေးနီးယားကို ပစ်မှတ်ထားတဲ့ ဝင်ရောက်စွက်ဖက်ခြင်းရဲ့ အစစ်အမှန်ခြိမ်းခြောက်မှုမှ လွှဲဖယ်ထားသောစစ်ဆင်ရေး တစ်ခုမျှသာဖြစ်သည်" လို့ ဆိုပါတယ်။ ရိုမေးနီးယားအာဏာပိုင်များကတော့ ဒူရော့ဗ် ရဲ့ ထုတ်ပြန်ချက်အပေါ် မှတ်ချက်တစ်စုံတရာ မပေးခဲ့ပါဘူး။
ရိုမေးနီးယားရွေးကောက်ပွဲက ယူကရိန်းကို စစ်ရေးအကူအညီထောက်ပံ့ခြင်း လုပ်ခြင်း၊ မလုပ်ခြင်း အများကြီး ပတ်သက်နေပါတယ်။ ဥရောပသမဂ္ဂကို ဝေဖန်နေတဲ့ သမ္မတလောင်းဂျော့ဂျ်ဆီမီအွန် က ယူကရိန်းကို သွားမလည်ဖို့နဲ့ စစ်ရေး အကူအညီမပေးဖို့ပြောပြီး စည်းရုံးရေးလုပ်ခဲ့ပါတယ်။ မေလ ၄ ရက်နေ့က အကြိုရွေးကောက်ပွဲမှာ သူက မဲ ၄၀ % အထိ ရခဲ့ပါတယ်။ အဲ့ဒိကိစ္စက မြို့တော်ဘူခါရက်မှာ အုတ်အော် သောင်တင်း ဖြစ်နေခဲ့ပြီး ဥရောပမှာလည်း လှုတ်လှုတ်ရှားရှားတွေ ဖြစ်နေပါတယ်။
အထူးသဖြင့် ရိုမေးနီးယားရွေးကောက်ပွဲကို ပြင်သစ်နိုင်ငံက ဝင်ရောက်စွတ်ဖက်ဖို့ကြိုးစားနေတာနဲ့ ပတ်သက်ပြီး လုပ်ငန်းရှင်လည်းဖြစ် ဘလော့ဂါတစ်ဦးလည်းဖြစ်တဲ့ မာရီယိုနော့ဖော့က “သူတို့က ရိုမေးနီးယားပြည်သူတွေရဲ့ မဲတွေကို လုယက်ဖို့အတွက် ဒီမှာရှိတဲ့ သူတို့ရဲ့ သံအမတ်တွေကနေတဆင့်၊ နိုင်ငံခြားအဖွဲ့အစည်းတွေ ကနေ တဆင့် ငွေကြေးနဲ့ ဖိအားတွေ အများကြီးပေးနေပါတယ်”လို့ ဆိုပါတယ်။
REF: RT
https://t.me/MyanmarNationalPost
No comments:
Post a Comment