ပူတင်ရော ၊ ဇီလန်စကီးပါ ရူးနေကြလားမသိဘူး လို့ ထရမ့်ပြော - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပူတင်ရော ၊ ဇီလန်စကီးပါ ရူးနေကြလားမသိဘူး လို့ ထရမ့်ပြော


မေ - ၂၆ ( တနင်္လာနေ့ )

ပြီးခဲ့တဲ့ သီတင်းပတ်က ယူကရိန်းက ရုရှား ကို ဒရုန်းတွေ အုံလိုက်ကျင်းလိုက်နဲ့ တိုက်ခိုက်ခဲ့သလို ရုရှားတွေ ကလည်း ယူကရိန်းကို မြို့တော်ကိယက်ဗ် နဲ့ အခြားနေရာတော်တော်များများ ကို ဒုံးကျည်တွေနဲ့ ပတ်ခတ်တိုက်ခိုက် ခဲ့ပါတယ်။ အဲ့ဒိကိစ္စနဲ့ပတ်သက်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲမှာ ပူတင်ရော၊ ဇီလန်စကီးပါ ၂ ယောက်လုံး လူကောင်းတွေ မဟုတ်ကြဘူးလို့ ပြစ်တင်ဝေဖန်သွားပါတယ်။ 

ယူကရိန်းက အင်္ဂါနေ့နှင့် သောကြာနေ့ကြားမှာ ရုရှားလေပိုင်နက်အတွင်းသို့ အနည်းဆုံး ဒရုန်း ၇၆၄ စင်း နဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့လို့  သီတင်းပတ်ကုန်မှာ ပျက်စီးဆုံးရှုံးမှုက ရာနဲ့ချီခဲ့ပါတယ်။ အင်္ဂါနေ့က ကာ့စ်ဒေသကို အလည်အပတ်ရောက်ရှိနေတဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်ကို တင်ဆောင်လာတဲ့ ရဟတ်ယာဉ်ဟာ ဒရုန်းစီးနင်းမှုရဲ့ “ဗဟို” ထဲကိုတောင် ရောက်သွားခဲ့တယ်လို့ သတင်းရရှိပါတယ်။

အဲ့ဒါကို တုံ့ပြန်တဲ့အနေနဲ့ ရုရှားစစ်တပ်က ကိယက်ဗ်မြို့ရှိ ဒရုန်းနှင့် ဒုံးပျံထုတ်လုပ်သည့်စက်ရုံကို စနေနေ့တွင် ကြီးကြီးမားမား တိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး တနင်္ဂနွေနေ့တွင် ယူကရိန်းစစ်ဘက်ဆိုင်ရာ အဆောက်အအုံများကို ထပ်မံတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ 

တနင်္ဂနွေနေ့က သတင်းထောက်များနှင့် စကားပြောရာတွင် ထရမ့် က ရုရှား၏ တုံ့ပြန်မှုသည် ခိုင်လုံမှုမရှိဟု အခိုင်အမာပြောဆိုခဲ့ပြီး သူမြင်နေရသည့်အရာများအတွက် အံ့အားသင့်မိကြောင်း ပြောကြားခဲ့ပါတယ်။ 

"ပူတင်လုပ်နေတာတွေကို ကျွန်တော် မကျေနပ်ဘူးဗျ။ ခင်ဗျားတို့ စဉ်းစားကြည့်လေ၊ ကျနော်နဲ့ သူနဲ့ ဖုန်းဆက်စကားပြောနေချိန်မှာတောင် သူက ကိယက်ဗ် နဲ့ အခြားမြို့တွေကို ဒုံးတွေနဲ့ပစ်ဖို့ အမိန့်ပေးနေတယ်ဗျာ။ အဲ့လိုမျိုးလုပ်နေတာကို မကြိုက်ဘူး။ သူနဲ့ကျနော်နဲ့က အပစ်ရပ်ရေး အတွက် စကားပြောနေတာလေ။ အဲ့တော့ ကျနော်က ဘာလုပ်ရမှာလဲ" လို့ ပြောသွားပါတယ်။  "ရုရှားက ဗလာဒီမာပူတင်နဲ့ ကျွန်တော် က အမြဲတမ်း ကောင်းမွန်တဲ့ ဆက်ဆံရေးရှိခဲ့ပေမယ့် ကျနော်စိတ်ထင်တော့ သူ တစ်ခုခုတော့ဖြစ်နေတယ်။ ရူးများ ရူးနေလားမသိဘူး" လို့ ထရမ့်က သူ့ရဲ့ကိုယ်ပိုင် ဆိုရှယ်ပလက်ဖောင်းတစ်ခုဖြစ်တဲ့ truth social မှာ ရေး တင်ခဲ့ပါတယ်။ 

ထရမ့်က ယူကရိန်းသမ္မတ ဗလာဒီမာ ဇီလန်စကီးနဲ့ ပတ်သက်လို့လည်း “ဇီလန်စကီးကလည်း အဲ့လိုပဲ၊ တိုင်းပြည်ရဲ့မျက်နှာကိုမကြည့်ဘူး။ သူလုပ်ချင်တာတွေ လိုက်လုပ်နေတယ်။ သူ့ပါးစပ်က ထွက်လာတဲ့ စကားလုံးတွေကို ကျနော်တော်တော်မကြိုက်တာပါ။ အပစ်ရပ်ရေး အတွက် မစဉ်းစားဘူး။ ဘယ်လိုလက်တုံ့ပြန်မယ်ဆိုတာချည်းပဲ ပြောနေတယ်။ ရပ်လိုက်မကောင်းဘူးလာဗျာ။ အခုပြောနေတာက ကျနော့်စစ်ပွဲမဟုတ်ဘူးနော်။ သူတို့စစ်ပွဲ။ ကျနော်က ကြားကနေ စေ့စပ်ညှိနှိုင်းပေးနေတာ။ အဲ့လို့ မှမဟုတ်ရင်တော့ ကျနော်က ပါးစပ်ပိတ်နေလိုက်ရုံပဲ။” လို့ပြောသွားပါတယ်။ 


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)