တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လှူဒါန်းသည့် (၁၅) ကြိမ်မြောက် အောက်တိန်း (92) ၂၉၄၀.၀၅၅ တန်၊ ဒီဇယ် ၁၁၉၃၀.၅၀၅ တန်နှင့် (၁၆) ကြိမ်မြောက် Modular (prefabricated) house (၁၁၂၀) လုံး၊ Offices (၁၆၀) လုံးတို့အား လွှဲပြောင်းလက်ခံ - Myanmar National Post

Myanmar National Post

News Agency

Breaking

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လှူဒါန်းသည့် (၁၅) ကြိမ်မြောက် အောက်တိန်း (92) ၂၉၄၀.၀၅၅ တန်၊ ဒီဇယ် ၁၁၉၃၀.၅၀၅ တန်နှင့် (၁၆) ကြိမ်မြောက် Modular (prefabricated) house (၁၁၂၀) လုံး၊ Offices (၁၆၀) လုံးတို့အား လွှဲပြောင်းလက်ခံ




ရန်ကုန် ၊ မေ ၂၆


မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သည့် မန္တလေးမြေငလျင်ကြီးကြောင့် ပြန်လည်ထူထောင်ရေးကိစ္စများအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ (၁၅) ကြိမ်မြောက် လှူဒါန်းသည့် အောက်တိန်း (92) ၂၉၄၀.၀၅၅ တန်၊ ဒီဇယ် ၁၁၉၃၀.၅၀၅ တန် တင်ဆောင်လာသော သင်္ဘော MT YU DONG သည် မေလ (၂၃) ရက်နေ့ နံနက် (၂) နာရီ (၃၀) မိနစ်က သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ BRIGHTER ENERGY ဆီလှောင်ဆိပ်ကမ်းသို့ ရောက်ရှိခဲ့ကြောင်းနှင့် (၁၆) ကြိမ်မြောက် လှူဒါန်းသည့် Modular (prefabricated) house (၁၁၂၀) လုံး၊ Offices (၁၆၀) လုံး တင်ဆောင်လာသော သင်္ဘော MV.Orient Glory သည် မေလ (၂၄) ရက်နေ့ ညနေ (၄) နာရီက သီလဝါ(MITT)ဆိပ်ကမ်းသို့ အသီးသီးရောက်ရှိခဲ့ကြသည်။

ထိုသို့ BRIGHTER ENERGY ဆီလှောင်ဆိပ်ကမ်းသို့ ရောက်ရှိလာသည့် အောက်တိန်း (92) ၂၉၄၀.၀၅၅ တန်၊ ဒီဇယ် ၁၁၉၃၀.၅၀၅ တန်တို့အား ယမန်နေ့ နံနက်ပိုင်းက လွှဲပြောင်းလက်ခံရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ စီးပွားရေးသံမှုး​ Mr. Ouyang Daobing ထံမှ ၎င်းဆိပ်ကမ်း၌ လွှဲပြောင်းလက်ခံခဲ့ပြီး အဆိုပါရောက်ရှိလာသည့် အောက်တိန်းနှင့် ဒီဇယ်များကို ငလျင်ဘေးသင့်ဒေသများသို့ ပြန်လည်ထူထောင်ရေးကိစ္စများတွင် အသုံးပြုရန်အတွက် စွမ်းအင်ဝန်ကြီးဌာနမှ ဆက်လက်ပို့ဆောင်သွားမည်ဖြစ်သည်။

ဆက်လက်၍ သီလဝါ(MITT)ဆိပ်ကမ်းသို့ ရောက်ရှိလာသည့် Modular(prefabricated) house (၁၁၂၀)လုံး၊ Offices (၁၆၀) လုံးတို့အား ယနေ့နံနက်ပိုင်းက လွှဲပြောင်းလက်ခံခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ စီးပွားရေးသံမှုး​ Mr. Ouyang Daobing ထံမှ ၎င်းဆိပ်ကမ်း၌ လွှဲပြောင်းပြီး ငလျင်ဘေးသင့်ဒေသများသို့ ရန်ကုန်တိုင်းဒေသကြီးမှ မြန်မာ့မီးရထားဖြင့် သယ်ယူပို့ဆောင်နိုင်ရေးကုန်တင်ကားပေါ်မှ ရထားတွဲပေါ်သို့ ကရိန်းဖြင့် တင်ဆောင်နေသည့် အခြေအနေများအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အဖွဲ့က လှည့်လည်ကြည့်ရှုခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)