နတ်မောက်မြို့၌ မြို့မဈေးကြီးအတွင်း အသားဆိုင်များ သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချမှု ရှိ/မရှိ လိုက်လံစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

နတ်မောက်မြို့၌ မြို့မဈေးကြီးအတွင်း အသားဆိုင်များ သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချမှု ရှိ/မရှိ လိုက်လံစစ်ဆေး

 



နတ်မောက် ၊  မေ၂၆


မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဒေသခံပြည်သူများ ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်ရေး အသားဆိုင်များ သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချမှု ရှိ/မရှိ ယမန်နေ့နံနက်ပိုင်းက လိုက်လံစစ်ဆေးခဲ့ကြသည်။

ထိုသို့ လိုက်လံစစ်ဆေးခဲ့ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ ဈေးတာဝန်ခံနှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီဝင်များ ပူးပေါင်း၍ ဝက်၊ အမဲ၊ ဆိတ်သားဈေးနှုန်းများဖြစ်သည့် ဝက်သားတစ်ပိဿာ(၂၀၀၀၀)ကျပ်၊ အမဲသားတစ်ပိဿာ(၁၉၀၀၀)ကျပ်နှင့် ဆိတ်သားတစ်ပိဿာ(၂၁၀၀၀) ကျပ်စသည့် သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချမှုနှင့် အလေးချိန်ခွင်ပြည့်ဝစေရေး လိုက်လံစစ်ဆေးခဲ့ကြကြောင်း သိရသည်။


လှဝင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)