ကိုကိုးကျွန်းမြို့နယ်သို့ တပ်မတော်လေယာဉ် အခမဲ့ပုံမှန်ပြေးဆွဲပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ကိုကိုးကျွန်းမြို့နယ်သို့ တပ်မတော်လေယာဉ် အခမဲ့ပုံမှန်ပြေးဆွဲပေး

 



ကိုကိုးကျွန်း ၊  မေ ၂၆


ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့နယ်တွင် လာရောက်တာဝန်ထမ်းဆောင်လျှက်ရှိသော ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ သွားလာမူအဆင်ပြေစေရန်အတွက် နိုင်ငံတော်စီမံချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လမ်းညွှန်ချက်အရ ကိုကိုးကျွန်းမြို့နယ်သို့ တပ်မတော်လေယာဉ်ခရီးစဉ်ကို တစ်လလျှင်တကြိမ် အခမဲ့ပြေးဆွဲလျှက်ရှိကြောင်း သိရသည်။

ထိုသို့ ကိုကိုးကျွန်းမြို့နယ်သို့ တစ်လတစ်ကြိမ်အခမဲ့ပြေးဆွဲပေးလျှက်ရှိရာ ယမန်နေ့ နံနက် ၈ နာရီအချိန်တွင် မင်္ဂလာဒုံတပ်မတော်လေဆိပ်မှ ခရီးသည်(၆၁)ဦးနှင့် ကုန်တန်ချိန်(၁၁၅၀)kg တင်ဆောင်ကာ ကိုကိုးကျွန်းမြို့နယ် လေဆိပ်သို့ နံနက်(၉)နာရီတွင် ဆိုက်ရောက်လာကြောင်း သိရသည်။

အဆိုပါလေယဉ်သည် နေ့လယ် ၁၂ နာရီ ၅၀ မိနစ်တွင် ခရီးသည်(၅၈)ဦးနှင့် ကုန်တန်ချိန်(၁၉၀၀)kg တင်ဆောင်ကာ ကိုကိုးကျွန်းလေဆိပ်မှ ပြန်လည်ထွက်ခွာသွားကြောင်းနှင့် ထိုသို့ လေယဉ်ခရီးစဉ် အခမဲ့ပြေးဆွဲပေးနေခြင်းမှာ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများ သွားလာရေးအဆင်ပြေစေရန်အတွက် ပြေးဆွဲပေးခြင်းဖြစ်ပြီး တစ်လတစ်ခေါက် အခမဲ့ပြေးဆွဲပေးမည်ဖြစ်ကြောင်း သိရသည်။


ကိုကိုးကျွန်း 

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)