ဥရောပက ပျက်စီးရာပျက်စီးကြောင်း လမ်းကြောင်းပေါ်ကို ရောက်နေပြီလို့ ဂျာမန်အဓိပတိဟောင်း ဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဥရောပက ပျက်စီးရာပျက်စီးကြောင်း လမ်းကြောင်းပေါ်ကို ရောက်နေပြီလို့ ဂျာမန်အဓိပတိဟောင်း ဆို


မေ - ၂၆ ( တနင်္လာနေ့) 

တင်းကျပ်သော နိုင်ငံသားများ ရွှေ့ပြောင်းနေထိုင်မှုနှင့် နယ်စပ်ထိန်းချုပ်ရေး မူဝါဒများသည် ဥရောပသမဂ္ဂ အတွက် ဘေးဥပဒ်ဖြစ်စေနိုင်တယ်လို့ ဂျာမနီအဓိပတိဟောင်း အိန်ဂျလာမာကယ် က မကြာသေးမီက ဂျာမဏီနိုင်ငံတွင် ခိုလှုံခွင့်တောင်းခံသူများ ဝင်ရောက်လာမှုကို ရွှေ့ဆိုင်းလိုက်ပြီးနောက် သတိပေးခဲ့ပါတယ်။ 

ပြီးခဲ့သည့်အပတ်က အနောက်တောင် သတင်းဖိုရမ်တွင် မာကယ် က ၎င်း၏ အမှတ်တရဖြစ်သော လွတ်လပ်မှုဆိုတဲ့ အဓိပ္ပါယ်ကို တင်ပြရန် ပေါ်လာခဲ့ပါတယ်။  "ဂျာမနီ-သြစတြီးယား ဒါမှမဟုတ် ဂျာမန်-ပိုလန်နယ်စပ်မှာ တရားမ၀င် ရွှေ့ပြောင်းနေထိုင်မှုတွေကို ပြတ်ပြတ်သားသား တိုက်ဖျက်နိုင်မယ်လို့ ကျမ မယုံကြည်ပါဘူး... ဥရောပ ဖြေရှင်းချက်တွေကို ကျမ အမြဲတမ်း ထောက်ခံခဲ့ပါတယ်" လို့ လက်ရှိ အဓိပတိ ဖရိုင်ဒရစ် မားဇ် ရဲ့ အစိုးရအဖွဲ့မှ ချမှတ်ခဲ့သော နောက်ဆုံးအစီအမံများနှင့် ပတ်သက်ပြီး မေးမြန်းမှုကို ပြောခဲ့တာပါ။ 

ပြည်ထဲရေးဝန်ကြီး အလက်ဇန်ဒါး ဒိုဘရင်ဒစ် က ယခုလအစောပိုင်းတွင် မိတ်ဆက်ခဲ့သော မူဝါဒအသစ်သည် ဂျာမန်ပြည်နယ်အားလုံးတွင် ခိုလှုံခွင့်လျှောက်ထားခြင်းကို တားမြစ်ထားပြီး မာကယ်ရဲ့ ၂၀၂၅ နယ်စပ်ဖွင့်ရေး ရပ်တည်ချက်ကို ပြတ်ပြတ်သားသား ပြောင်းပြန်လှန်သွားခဲ့ပါတယ်။ ခြွင်းချက်ကတော့ ကလေးများ၊ ကိုယ်ဝန်ဆောင်များနှင့် အခြား ထိခိုက်လွယ်သူများ အတွက်သာ ခိုလှုံခွင့်ကိုချန်ထားပါတယ်။  

မာကယ်ရဲ့ အဆိုအရ အဆိုပါ လှုပ်ရှားမှုသည် EU အတွင်း လွတ်လပ်စွာ သွားလာခွင့်နှင့် ရှန်ဂျန်ဇုန်၏ ဂုဏ်သိက္ခာကို ခြိမ်းခြောက်နေပြီး အစုအဖွဲ့ အများစုကို ဗီဇာကင်းလွတ် သွားလာခွင့် ပြုပေးသည့် ရှန်ဂျန် ဇုန်၏ ဂုဏ်သိက္ခာကို ခြိမ်းခြောက်လျက် ရှိတယ်လို့ သိရပါတယ်။ လူဝင်မှုကြီးကြပ်ရေးနှင့် ခရီးသွားလာရေး ပြုပြင်ပြောင်းလဲမှုများနဲ့ ပတ်သက်လာရင် ဥရောပသမဂ္ဂအဆင့်တွင် သဘောတူမှုရယူသင့်တယ်လို့ သူမက အခိုင်အမာ ပြောကြားခဲ့ပါတယ်။ 

“အဲ့လိုမှ မဟုတ်ရင် ဥရောပကို ဝိုင်းပြီးဖျက်စီးပစ်တာ တွေ့ရနိုင်တယ်”လို့  သူမက သတိပေးလိုက်ပါတယ်။ 

မာကယ်ရဲ့ တံခါးဖွင့်မူဝါဒသည် ၂၀၁၅ - ၁၆ ခုနှစ် ဒုက္ခသည်အကျပ်အတည်း၏ အထွတ်အထိပ်ကာလတွင် ရွှေ့ပြောင်းနေထိုင်သူ တစ်သန်းကျော်ကို ဂျာမနီနိုင်ငံတွင်းသို့ ခွင့်ပြုပေးခဲ့ပြီးနောက် ဝေဖန်သူများက ၎င်းအား "ဆိုးရွားမှု" လို့ တံဆိပ်ကပ်ကာ ၂၀၁၅ တံခါးဖွင့်မူဝါဒကို ပြင်းထန်စွာ တုံ့ပြန်ခဲ့ပါတယ်။ 

ဂျာမနီသည် အီးယူ၏ ခိုလှုံခွင့်တောင်းခံသူများအတွက် ထိပ်တန်းနေရာအဖြစ် ဆက်လက်တည်ရှိနေပါတယ်။ ၂၀၂၃ ခုနှစ်တွင်ဂျာမဏီက ခိုလှုံခွင့်လျှောက်ထားမှုပေါင်း ၂သိန်းခွဲနီးပါး ရရှိခဲ့ပြီး - အီးယူနိုင်ငံများ စုစုပေါင်း၏ လေးပုံတစ်ပုံခန့်ရှိကြောင်း အီးယူ စာရင်းဇယားများအရ သိရပါတယ်။ 


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)