ဒဂုံဆိပ်ကမ်း၊ မေ ၃၀
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် လေပြင်းများ တိုက်ခက်ခဲ့မှုကြောင့် ယမန်နေ့ ညနေပိုင်းက လျှပ်စစ်မီးတိုင်အချို့နှင့် အိမ်များ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
အဆိုပါ လေပြင်းတိုက်ခက်မှုကြောင့် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် အမှတ် (၉၈)ရပ်ကွက်၊ စက်မှုဇုန်(၁)ကမ်းနားလမ်းပေါ်ရှိ (11)KV အအေးခန်းဖီဒါ (10)Meterကွန်ကရစ်တိုင်(၂)တိုင်၊ မက္ခရာမင်းသားကြီးလမ်းပေါ်ဇုန်(၁)ရှိ (11)KV ဇုန်(၁)ဖီဒါ (10)Meterကွန်ကရစ်တိုင်(၁)တိုင်နှင့် ဇုန်(၂)ရှိ (11)KV ကနောင်ဖီဒါ်(10)Meter ကွန်ကရစ်တိုင်(၁)တိုင်၊ စုစုပေါင်း (10)Meter ကွန်ကရစ်တိုင်(၄)တိုင် ဓာတ်တိုင်အောက်ခြေ ကျိုးပဲ့ပျက်စီးခဲ့ပြီး အမြန်အစားထိုးလဲလှယ်နိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် အမှတ်(၉၃)ရပ်ကွက်နှင့် (၉၈)ရပ်ကွက် ကွမ်းအပ်မင်းသားလမ်းရှိ အိမ်တစ်ချို့ အမိုးလန်ပျက်စီးမှုများရှိခဲ့ပြီး လမ်းမများတွင် လဲကျနေသော သစ်ပင်ကြီးများအား သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပန်းဥယာဉ်ဌာနမှ တာဝန်ရှိသူများက အချိန်နှင့်တစ်ပြေးညီ ရှင်းလင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဖြိုးစန္ဒာ
https://t.me/MyanmarNationalPost




No comments:
Post a Comment