ဒေးဒရဲ၊ မေ ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ တော်ချိုက်ကျေးရွာအုပ်စုရှိ တော်ချိုက်ကျေးရွာ၊ တော်ပေါင်စိန်ကျေးရွာနှင့် မရမ်းအနောက်ကျေးရွာအုပ်စု၊ ဥသြလမ်းကျေးရွာတို့တွင် ယမန်နေ့ ညနေ(၅)နာရီကျော်အချိန်၌ မိုးသည်းထန်စွာ ရွာသွန်း၍လေပြင်း တိုက်ခတ်မှု၊ ပင်လယ်ဒီရေမြှင့်တက်လာမှုတို့ကြောင့် လူနေအိမ် (၂၉)လုံး ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။
အဆိုပါ လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် ပင်လယ်ဒီရေမြှင့်တက်လာခြင်းတို့ကြောင့် တော်ချိုက်ကျေးရွာအုပ်စု၊ တော်ချိုက်ကျေးရွာနှင့် တော်ပေါင်စိန်ကျေးရွာတို့ရှိ ဓနိမိုး၊ ဓနိကာ၊ ဝါးခင်းနေအိမ် (၁၄)လုံးနှင့် မရမ်းအနောက်ကျေးရွာအုပ်စု၊ ဥသြလမ်းကျေးရွာရှိ ဓနိမိုး၊ ဓနိကာ၊ ဝါးခင်းနေအိမ် (၁၅)လုံး ပြိုကျပျက်စီးခဲ့ကြောင်း သိရပြီး သဘာဝဘေးအန္တရာယ်များကြောင့် နေအိမ်များ ပြိုကျပျက်စီးခဲ့သည့် မိသားစုများအား နီးစပ်ရာ ဆွေမျိုးများနှင့် စိတ်ချလုံခြုံရာ အဆောက်အဦများ၌ ခေတ္တပြောင်းရွှေ့နေထိုင်နိုင်ရန် တာဝန်ရှိသူများ ဆောင်ရွက်လျက်ရှိပြီး ပြိုကျပျက်စီးခဲ့သည့် နေအိမ်များနှင့် မိသားစုဝင်များဝင်များအား ကူညီထောက်ပံ့နိုင်ရေး ဖျာပုံခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်လျက်ရှိပြီး အဆိုပါပြိုကျပျက်စီးမှုများကြောင့် လူနှင့်တိရိစ္ဆာန် တစ်စုံတစ်ရာ ထိခိုက်မှု မရှိကြောင်း သိရသည်။
အေဇာလင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment