ဘုတ်ပြင်း၊ မေ ၃၀
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များအား၂၀၂၅-၂၀၂၆ ပညာ သင်နှစ်အတွက် ပညာသင်ထောက်ပံ့ ငွေနှင့်ထောက်ပံ့ပစ္စည်းများပေးအပ်ပွဲကို ယမန်နေ့ညနေက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး သပြေခန်းမတွင်ပေးအပ်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အရာရှိ၊ အခြားအဆင့်ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစု ကျောင်းသားကျောင်းသူများ တက်ရောက်ကြသည်။
အခမ်အးနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူးဦးညီညီက ကျောင်းသားကျောင်းသူများဟာ အနာဂါတ်ခေါင်းဆောင်များဖြစ်သည့်အတွက် ပညာသင်အရွယ်မှာ ပညာကိုကြိုးစားသင်ယူကြရမည်ဖြစ်ကြောင်း၊ ကျောင်းသားကျောင်းသူများပညာသင်ကြားရေးအတွက် မိမိတို့အနေဖြင့် တစ်ဖက်တစ်လမ်းမှနေ၍ ဝန်ထမ်းများနှင့်ဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ပေးခြင်းကို နှစ်စဉ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကျောင်းသားကျောင်းသူများအနေဖြင့် ပညာကိုကြိုးစား ၍ ထူးချွန်ထက်မြက်သည့် ကျောင်းသားလူငယ်များဖြစ်ပေါ်လာအောင်အထူး ကြိုးစားသင်ကြား အားထုတ်သွားကြစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့်ဝန်ထမ်းသားသမီးများမှ တက္ကသိုလ်ကျောင်းသား/ကျောင်းသူ(၆)ဦး၊ အထက်တန်း(၂) ဦး၊အလယ်တန်း(၂)ဦး၊မူလတန်း(၁၂)ဦး မူကြို (၃)ဦး ၊ စုစုပေါင်း ကျောင်းသားကျောင်းသူ ( ၂၅)ဦးအား ပညာသင်ထောက်ပံ့ငွေ၊ ဗလာစာအုပ် နှင့်စာရေးကိရိယာများကို မြို့နယ်အုပ်ချုပ်ရေးမှူး၊ မိသားစုစည်းရုံးရေးနှင့်စည်းကမ်းထိန်းသိမ်းရေး ကော်မတီဥက္ကဋ္ဌ ဒေါ်ဇာခြည်ဖြိုးနှင့်တာဝန်ရှိသူများက အသီးသီးပေးအပ်ခဲ့ကြောင်းသိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment