ရှမ်းပြည်နယ်အတွင်း မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့မှုများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရှမ်းပြည်နယ်အတွင်း မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့မှုများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ







တောင်ကြီး၊ မေ ၂

၂ဝ၂၅ ခုနှစ်၊ မတ်လ(၂၈)ရက်နေ့ (၁၂:၅၁) ချိန်ခန့်တွင် ပြင်းအားရစ်ချ်တာစကေး (၇.၇) အဆင့်ရှိ အင်အားအလွန်ပြင်းထန်သော မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် ရှမ်းပြည်နယ်အတွင်း မြို့နယ် ၁၃  မြို့နယ်၌ ထိခိုက်ပျက်စီးဆုံးရှုံးမှုနှင့် လူသေဆုံးမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် ယမန်နေ့ နံနက် (၇) နာရီအချိန်အထိ မြေပြင်စာရင်းကောက်ယူရရှိမှု စာရင်းဇယားများအရ ရှမ်းပြည်နယ်အတွင်း မြိုနယ် ၁၃ မြို့နယ်၌ လူနေအဆောက်အဦ၊ ဟိုတယ်နှင့်အုတ်နံရံပြိုကျမှုများကြောင့် ရှမ်းပြည်နယ်တွင် လူ ၆၉ ဦး သေဆုံးခဲ့ပြီး ၁၃၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှု၊ လူသေဆုံးမှုများ ဖြစ်ပေါ်ခဲ့သည့် မြို့နယ်များသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၏ အနီးကပ်ကြီးကြပ်မှုဖြင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ရှမ်းပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊ နယ်မြေခံတပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ကူညီကယ်ဆယ်ရေးအဖွဲ့များက ငလျင်ဘေးဒဏ်သင့်ခဲ့သည့် မြို့နယ်များတွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်လျက်ပြီး ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)