မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပြိုကျပျက်စီးခဲ့သည့် စစ်ကိုင်း-မန္တလေး လမ်းဟောင်းပေါ်ရှိ စစ်ကိုင်းတံတား(အင်းဝ) ရထားလမ်းကူးတံတား သံပေါင်အချို့အား စနစ်တကျဖယ်ရှားခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပြိုကျပျက်စီးခဲ့သည့် စစ်ကိုင်း-မန္တလေး လမ်းဟောင်းပေါ်ရှိ စစ်ကိုင်းတံတား(အင်းဝ) ရထားလမ်းကူးတံတား သံပေါင်အချို့အား စနစ်တကျဖယ်ရှားခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိ








ချမ်းအေးသာစံ၊ မေ ၂

မတ်လ ၂၈ ရက် မွန်းလွဲပိုင်းက လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပြိုကျပျက်စီးခဲ့သည့် စစ်ကိုင်း-မန္တလေး လမ်းဟောင်းပေါ်ရှိ စစ်ကိုင်းတံတား (အင်းဝ) ရထားလမ်းကူး တံတားသံပေါင်အချို့အား ရေကြောင်းသွားလာမှုများ အဆင်ပြေစေရေးအတွက် စနစ်တကျ ဖယ်ရှားခြင်းလုပ်ငန်းအစီအစဉ်များ စတင်ခြင်းကို ၃၄-၄-၀၂၅ ရက်နေ့ နံနက်ပိုင်းက ကျင်းပရာ မန္တလေးတိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ(ရွှေကျင်)၊ အောင်မြေသာစံမြို့နယ်၊ အိုးဘိုရွှေကျင်ရပ်၊ မဟာဓမ္မိကာရာမ ရွှေကျင်တိုက်မကြီး၏ ပဓာနနာယကအဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတဘဒ္ဒန္တထုတိဝရအမှူးပြုသော ဆရာတော်များက အန္တရာယ်ကင်းပရိတ်တရားတော်များ၊ မေတ္တာသုတ်များ ရွတ်ဖတ်ပွားများခြင်းများကို အစီအစဉ်အတိုင်း ကျင်းပခဲ့သည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးကျော်လင်းနှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ရာတွင် အသုံးပြုသည့် လုပ်ငန်းသုံးစက်ယန္တရား ယာဉ်ကြီးများအား အန္တရာယ်ကင်းပရိတ်ရေများ၊ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးပြီးနောက် ဖယ်ရှားခြင်းလုပ်ငန်း အစီအစဉ်စတင်ခြင်းအား ဆောင်ရွက်ပေးခဲ့သည်။

ပြိုပျက်ခဲ့သည့် တံတားသံပေါင်အချို့အား စက်ယန္တရားယာဉ်ကြီးများ အသုံးပြု၍ လူအင်အားတို့ဖြင့် စနစ်တကျ ဖယ်ရှားဆောင်ရွက်နေမှုများကို ကြည့်ရှုကာ လုပ်ငန်းခွင်အတွင်း အန္တရာယ်ကင်းရှင်းရေးကို အထူးဂရုစိုက် ဆောင်ရွက်သွားကြရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရှိရသည်။


ထွန်းထွန်းနိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)