အီလွန်မက်စ် မူးယစ်ဆေးစွဲနေပြီလို့ ဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အီလွန်မက်စ် မူးယစ်ဆေးစွဲနေပြီလို့ ဆို


မေ - ၃၁ ( စနေနေ့ ) 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ၏ အဓိကမဟာမိတ်ဖြစ်သော နည်းပညာ ဘီလီယံနာ အီလွန်မက်စ် သည် မူးယစ်ဆေးဝါးသုံးစွဲမှု ပမာဏက စိုးရိမ်ဖွယ်ရာရှိနေကြောင်း ရင်းနှီးသူများ ကို ကိုးကားပြီး New York Times သတင်းဌာနက သောကြာနေ့တွင် ရေးသားဖော်ပြခဲ့ပါတယ်။ 

ပြုန်းတီးနေသော အမေရိကန်ပြည်ထောင်စုရဲ့ ဖက်ဒရယ်အသုံးစရိတ်ကို ဖြတ်တောက်ရန် ရည်ရွယ်သည့် အစိုးရစွမ်းဆောင်ရည်ဌာန (DOGE) တွင် ဦးဆောင်မှုအခန်းကဏ္ဍမှ နုတ်ထွက်တော့မည်ဟု မက်စ် က ကြေငြာပြီး မကြာခင်မှာပဲ မူးယစ်ဆေး စွဲနေပြီဆိုတဲ့ သတင်း ထွက်လာတာပဲ ဖြစ်ပါတယ်။ 

စပေ့စ်အိတ်စ်၊ တက်စလာ နှင့် အိတ်စ်ဆိုရှယ်မီဒီယာ လုပ်ငန်းများ၏ ပိုင်ရှင်ဖြစ်တဲ့ မက်စ်က နှစ်ပတ်တစ်ကြိမ် စိတ်ကျရောဂါအတွက် သတ်မှတ်ထားသော ကတ်တမင်း မူးယစ်ဆေးကို သောက်သုံးနေရတယ်လို့ ဝန်ခံထားပေမဲ့ နယူးယောက်ခ်တိုင်း ကမူ သူသုံးစွဲနေတဲ့ ကတ်တမင်းပမာဏက ရံဖန်ရံခါအသုံးပြုခြင်းထက် ကျော်လွန်နေတယ်လို့ ရေးသားခဲ့ပါတယ်။ 

မက်စ်က အာရုံစူးစိုက်မှုအားနည်းသော စိတ်အားထက်သန်မှုရောဂါ (ADHD) ကိုကုသရန် အသုံးပြုသည့် Adderall လို့ ခေါ်တဲ့ဆေးပြား ၂၀  ခန့်ပါရှိသော နေ့စဉ်သောက် ဆေးသေတ္တာတစ်ခုနှင့်အတူ ခရီးသွားလာ နေတယ်လို့ သတင်းရထားပါတယ်။ ၂၀၁၈ခုနှစ်တုန်းကလည်း တက်စလာ တွင် ဘုတ်အဖွဲ့ဝင်အချို့သည် မက်စ်တစ်ယောက် အိပ်ဆေး Ambien ကို အသုံးပြုခြင်းအတွက် စိုးရိမ်ပူပန်ခဲ့ကြတယ်လို့ မီဒီယာက ဆိုပါတယ်။ 


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)