ပွင့်ဖြူ၊ မေ ၃၁
ပွင့်ဖြူမြို့နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် နှမ်းခင်များပျက်စီးဆုံးရှုံးခဲ့ရသည့် အခြေအနေနှင့် ပတ်သက်၍ နိုင်ငံတော်အကြီးအကဲများ သိရှိပြီး တောင်သူများ၏ အခက်အခဲကို ကူညီမှုပေးနိုင်ပါရန် မြန်မာနေရှင်နယ်ပို့စ် သို့ ဆက်သွယ်ပေးပို့ထားသည်။
ဒေသခံ တစ်ဦးက "ပွင့်ဖြူမြို့နယ်၊ ဘိုကုန်းကျေးရွာရှိ တောင်သူ (၂၁၈)ဦး ၏ နှမ်းစိုက်ခင်းများ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ပျက်စီးခဲ့ရပါတယ်။ ဆုံးရှုံးမှု များပြားခြင်းကြောင့် တောင်သူများမှာ အခက်အခဲနှင့် ရင်ဆိုင်နေရပါတယ်။ နိုင်ငံတော် လူကြီးမင်းများအနေဖြင့် တောင်သူများ ရင်ဆိုင်ကြုံတွေ့နေရသော အခက်အခဲကို ကူညီမှုပေးနိုင်ပါရန် လေးစားစွာ တင်ပြအပ်ပါတယ်။" ဟု ပေးပို့ထားသည်။
နိုင်ငံတော်အစိုးရအနေဖြင့် စိုက်ပျိုးသီးနှံများ အထွက်တိုးစေရန် တောင်သူများအား ကူညီပံ့ပိုးပေးလျက်ရှိရာ ယခုအခါတွင် ရာသီဥတုဘေးဒဏ်ကြောင့် ဒေသခံတောင်သူများ၏ အခက်အခဲနှင့် ကြုံတွေ့နေရသဖြင့် ဆက်သွယ် အကူအညီတောင်းခံထားခြင်း ဖြစ်သည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment