မေ - ၂၅ ( တနင်္ဂနွေနေ့ )
ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာ သည် ချာဂို ကျွန်းစုများ၏ အချုပ်အခြာအာဏာကို မောရစ်ရှပ်စ် သို့ လွှဲပြောင်းပေးရန် ကြာသပတေးနေ့တွင် သဘောတူညီချက်တစ်ရပ် လက်မှတ်ရေးထိုးခဲ့ပါတယ်။ သို့သော်လည်း သဘောတူညီချက်အရ ဝါရှင်တန်နှင့် လန်ဒန်တို့သည် ဒီရေဂို ဂါစီယာ ကျွန်းရှိ ပူးတွဲစစ်အခြေစိုက်စခန်းအား ၉၉ နှစ်ကြာ ထိန်းချုပ်ထားနိုင်မယ်လို့ သိရပါတယ်။
မော်လဒိုက် ကျွန်းစု၏တောင်ဘက် မိုင် ၃၁၀ ခန့်အကွာ အိန္ဒိယသမုဒ္ဒရာအတွင်းရှိ ကျွန်း ၆၀ ကျော်ရှိသည့် ချာဂို ကျွန်းစုကို ၁၉၆၅ ခုနှစ်တွင် ယူကေ က မောရစ်ရှပ်စ် မှ ခွဲထုတ်ခဲ့ပြီး ၁၉၆၈ ခုနှစ်တွင် လွတ်လပ်ရေးမရမီ မောရစ်ရှပ်စ်မှ နယ်မြေပြန်လည်ရယူရန် ကြိုးပမ်းခဲ့ပါတယ်။ ၁၉၆၆ခုနှစ်တွင် အကြီးဆုံးကျွန်းဖြစ်သော ဒီရေဂို ဂါစီယာ အား အမေရိကန်သို့ ငှားရမ်းခဲ့ တာကြောင့် လူပေါင်း ၂၀၀၀ ခန့် အိုးအိမ်မဲ့ဖြစ်ခဲ့ရပါတယ်။
ကီယာစတာမာ က ဒီရေဂို ဂါစီယာကျွန်း၏ ဗျူဟာမြောက် အရေးပါမှုကို အလေးပေးပြောကြားခဲ့ပြီး "ဒီအခြေစိုက်စခန်း၏ ဗျူဟာမြောက်တည်နေရာသည် ဗြိတိန်အတွက် အရေးအကြီးဆုံးဖြစ်ပြီး၊ အီရတ်နှင့် အာဖဂန်နစ္စတန်ရှိ အကြမ်းဖက်သမားများကို ချေမှုန်းရန်အတွက် လေယာဉ်များတပ်ဖြန့်ခြင်းမှသည် ပင်လယ်နီနှင့် အင်ဒို-ပစိဖိတ်ပင်လယ်ပြင်တွင် ခြိမ်းခြောက်မှုများကို ကြိုတင်ခန့်မှန်းလို့ ရတဲ့ အထိ" ဖြစ်သည်ဟု ပြောကြားခဲ့ပါတယ် ။ “မကောင်းတဲ့ သြဇာလွှမ်းမိုးမှု” မှ ခိုင်မာသော အကာအကွယ်များကို လုပ်ဆောင်ထားတာဖြစ်တယ်လို့ ဆိုပါတယ်။
ယူကေရှိ နော့သ်ဝုဒ် စစ်ဌာနချုပ်၌ ပြောကြားရာတွင် စတာမာက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် အဆိုပါ သဘောတူညီချက်ကို ထောက်ခံပြီး အခြေစိုက်စခန်း၏ မဟာဗျူဟာမြောက် အရေးပါမှုကို အသိအမှတ်ပြုကြောင်း ပြောကြားခဲ့ပါတယ်။
မောရစ်ရှားဝန်ကြီးချုပ် နာဗင်ရမ်ဂိုလမ် က သဘောတူညီချက်ကို သမိုင်းဝင်ခြေလှမ်းတစ်ရပ်အဖြစ် ချီးကျူးခဲ့ပြီး “ဒီသဘောတူညီချက်အရ၊ ကျွန်တော်တို့ဟာ ကိုလိုနီနယ်ချဲ့ခြင်းရဲ့ စုစုပေါင်းလုပ်ငန်းစဉ်ကို အပြီးသတ်သွားအောင် လုပ်ဆောင်နိုင်ပါပြီ “ လို့ပြောသွားပါတယ်။
သို့သော်လည်း ယူကေကွန်ဆာဗေးတစ်ပါတီ နိုင်ငံခြားရေးပြောရေးဆိုခွင့်ရှိသူ ပရီတီပါတယ် အပါအဝင် ဝေဖန်သူများက ယင်းသဘောတူညီချက်သည် ကုန်ကျစရိတ်များပြီး ဒေသတွင်းတွင် မဟာဗျူဟာမြောက် သြဇာလွှမ်းမိုးမှုကို တရုတ်နိုင်ငံ အတွက် ဖြစ်သွားနိုင်တဲ့ အန္တရာယ်ရှိကြောင်း စောဒကတက်ခဲ့ပါတယ်။
REF: RT
https://t.me/MyanmarNationalPost
No comments:
Post a Comment