ထန်းတပင်၊ မေ ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ ထန်းတပင်မြို့နယ်၊ ရခိုင်ရိုးကြီးအုပ်စု၊ ရခိုင်ရိုးကြီးကျေးရွာရှိ ကံသာယာလမ်း မဇ္ဈိမပတ္တမြားရတနာကျောင်းတွင် မွန်းည့်(၁၂း၀၀ )အချိန်က ထန်းတပင်မြို့နယ်၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင် းYMBAနှင့် မဇ္ဈိမဘုန်းတော်ကြီးကျောင်း ဆရာတော်တို့မှ ဦးဆောင်၍ (မဇ္ဈိမမေတ္တာ အခမဲ့) အထွေထွေရောဂါကု ဆေးခန်းဖွင့်လှစ်ရန် ကော်မတီဖွဲ့စည်းခြင်းနှင့် ဆေးပဒေသာပင် အလှူငွေကြိုတင်လှုဒါန်းခြင်း အခမ်းအနားကျင်းပခဲ့သည်။
ဆရာတော်သံဃာတော်များနှင့် အလှုရှင်တို့မှ နမောတဿ( ၃)ကြိမ်ရွတ်ဆိုပြီး နာယက သြဝါဒဆရာတော်များထံမှသြဝါဒခံယူပြီး ကော်မတီအဖွဲ့များဖွဲ့စည်းပြီး ဆေးပဒေသာပင် မတည်ငွေကြိုတင်လှုဒါန်းကြရာ၊ ထန်းတပင်မြို့နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBAမှ မတည်အလှုငွေ( ၅)သိန်းကျပ်၊ မဇ္ဈိမကျောင်းဆရာတော်မှ( ၂)သိန်းကျပ်၊ ဝင်းမေတ္တာကျောင်းဆရာတော်မှ(၂) သိန်းကျပ်၊ သဲအင်းဂူကျောင်းဆရာတော်မှ( ၂ )သိန်းကျပ် ထန်းတပင်မြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ( ၂ )သိန်းကျပ်၊ ရခိုင်ရိုးကြီးကျေးရွာအုပ်ချုပ်ရေးတာဝန်ခံ ဦးသန်းဋ္ဌေးဦးမှ လစဉ်အလှုငွေ( ၂)သိန်းကျပ်နှင့် အလှုငွေငါးသောင်း၊ တက်သစ်နယ်မြေရဲစခန်းနယ်ထိန်း ဦးဝင်းထွန်းဦးမှ( ၂ )သိန်းငါးသောင်း၊ ဦးဉာဏ်မင်းနိုင် YMBA ခရိုင်မှ( ၁)သိန်းကျပ်၊ ရခိုင်ရိုးကြီးကျေးရွာ ဦးရန်နိုင်မှ ( ၃) သောင်းကျပ် လှူဒါန်းခဲ့ကြပြီး မွန်းလွဲ( ၁း၀၀)နာရီအချိန်တွင် လှုဒါန်းမှုများပြီးမြောက်ခဲ့ပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုကာ ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment