၂၀၂၅ ခုနှစ် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ တိုက်ကွမ်ဒိုပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားနှင့် ဒုတိယအကြိမ် သက်တမ်းအလိုက် လူသစ်တန်းနှင့် အသက်(၂၀)အောက် ဖိတ်ခေါ်ဂျူဒိုပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၅ ခုနှစ် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ တိုက်ကွမ်ဒိုပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားနှင့် ဒုတိယအကြိမ် သက်တမ်းအလိုက် လူသစ်တန်းနှင့် အသက်(၂၀)အောက် ဖိတ်ခေါ်ဂျူဒိုပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ



ရန်ကုန်၊ မေ ၂၅

၂၀၂၅ ခုနှစ် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ တိုက်ကွမ်ဒိုပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို မေလ(၂၃)ရက်နေ့နှင့် ဒုတိယအကြိမ် သက်တမ်းအလိုက် လူသစ်တန်းနှင့် အသက်(၂၀)အောက် ဖိတ်ခေါ်ဂျူဒိုပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေပိုင်းက သင်္ဃန်းကျွန်းမြို့နယ်၊ အမျိုးသားအားကစားပြိုင်ပွဲရုံ-၁ (သုဝဏ္ဏ)တွင် ကျင်းပသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် တိုက်ကွမ်ဒိုပြိုင်ပွဲယှဉ်ပြိုင်နေမှုအား ကြည့်ရှုအားပေးပြီး ဆုချီးမြှင့်ပွဲအခမ်းအနားကိုကျင်းပရာ ပြိုင်ပွဲတွင် ရွှေပြည်သာမြို့နယ်မှ အမျိုးသမီးအကောင်းဆုံးဆုရရှိသူနှင့် မင်္ဂလာတောင်ညွှန့်မြို့နယ်မှ အမျိုးသားအကောင်းဆုံးဆုရရှိသူအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်က ဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများအားလည်းကောင်း၊ ကကွက်တံခွန်စိုက်ဆုရရှိသော မင်္ဂလာတောင်ညွှန့်မြို့နယ်အသင်းနှင့် အတိုက်တံခွန်စိုက်ဆုရရှိသော မင်္ဂလာတောင်ညွှန့်မြို့နယ်အသင်းတို့အား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းက တံခွန်စိုက်ဆုနှင့် ဂုဏ်ပြုချီးမြှင့်ငွေများအားလည်းကောင်း ချီးမြှင့်ခဲ့ကြပြီး စုပေါင်း မှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ဂျူဒိုပြိုင်ပွဲ ယှဉ်ပြိုင်နေမှုအား ကြည့်ရှုအားပေးပြီး ဆုချီးမြှင့်ပွဲ အခမ်းအနားကို ကျင်းပရာ လူသစ်တန်း အမျိုးသမီးပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ညွှန့်ပေါင်းအသင်းမှ အကောင်းဆုံးဆုရရှိသော အားကစားသမားအား ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးကလည်းကောင်း၊ လူသစ်တန်း အမျိုးသားပြိုင်ပွဲတွင် မြောင်းမြအသင်းမှ အကောင်းဆုံးဆုရရှိသော အားကစားသမားအား မြန်မာနိုင်ငံ ဂျူဒိုအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌကလည်းကောင်း၊ သက်ငယ်တန်း အမျိုးသမီးပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ညွှန့်ပေါင်းအသင်းမှ အကောင်းဆုံးရရှိသော အားကစားသမားနှင့် သက်ငယ်တန်း အမျိုးသားပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ညွှန့်ပေါင်းအသင်းမှ အကောင်းဆုံးရရှိသော အားကစားသမားအား  ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးကလည်းကောင်း၊ သက်ငယ်တန်းပြိုင်ပွဲတွင် အမျိုးသမီးတံခွန်စိုက်ဆုရရှိသော ရန်ကုန်တိုင်းဒေသကြီး ညွှန့်ပေါင်းအသင်းအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ကျော်စိုးကလည်းကောင်း၊ သက်ငယ်တန်းပြိုင်ပွဲတွင် အမျိုးသားတံခွန်စိုက်ဆုရရှိသော ရန်ကုန်တိုင်းဒေသကြီး ညွှန့်ပေါင်းအသင်းအား လူမှုရေးရာဝန်ကြီး ဦးဌေးအောင်ကလည်းကောင်း၊ လူသစ်တန်းပြိုင်ပွဲ အမျိုးသမီးတံခွန်စိုက်ဆုရရှိသော ကမာရွတ်မြို့နယ်အသင်းအား  မြန်မာနိုင်ငံ ဂျူဒိုအဖွဲ့ချုပ်ဥက္ကဋ္ဌကလည်းကောင်း ချီးမြှင့်ခဲ့ကြသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ဂျူဒိုဆပ်ကော်မတီသို့ ဂျူဒိုပစ္စည်းများနှင့် လှူဒါန်းငွေများအား မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်ဥက္ကဋ္ဌက ပေးအပ်ရာ ရန်ကုန်တိုင်းဒေသကြီး ဂျူဒိုဆပ်ကော်မတီမှ တာဝန် ရှိသူများက လက်ခံခဲ့သည်။

ဆက်လက်၍ လူသစ်တန်းပြိုင်ပွဲ အမျိုးသားတံခွန်စိုက်ဆုရရှိသော ရန်ကုန်တိုင်းဒေသကြီး ညွှန့်ပေါင်းအသင်းအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးဗိုလ်ဌေးက လည်းကောင်း၊ သက်ငယ်တန်းပြိုင်ပွဲတွင် စုပေါင်းတံခွန်စိုက်ဆုရရှိသော ရန်ကုန်တိုင်းဒေသကြီး ညွှန့်ပေါင်းအသင်းနှင့် လူသစ်တန်းပြိုင်ပွဲတွင် စုပေါင်းတံခွန်စိုက်ဆုရရှိသော ရန်ကုန်တိုင်းဒေသကြီး ညွှန့်ပေါင်းအသင်းအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းကလည်းကောင်း ချီးမြှင့်ခဲ့ကြပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရသည်။


ဇွဲထက်ကို

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)