ပေါင်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်းများ၌ ကျောင်းအပ် လက်ခံခြင်းများစတင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်းများ၌ ကျောင်းအပ် လက်ခံခြင်းများစတင်





ပေါင်၊ မေ ၂၂

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများအားလုံး၌ ကျောင်းအပ်လက်ခံခြင်းများကို ယနေ့ နံနက်ပိုင်းမှ စတင် ဆောင်ရွက်ပေးလျက်ရှိသည်။

ပညာရေးဝန်ကြီးဌာန၊အခြေခံပညာကျောင်း အားလုံး၌ ကျောင်းအပ်နှံရာတွင် မည်သည့်အခကြေးငွေမျှ ကောက်ခံမှုမရှိကြောင်းနှင့် ကျောင်းသုံး ပြဌာန်း စာအုပ်၊ဗလာစာအုပ်၊ ဘောပင်၊ခဲတံ တို့ကို ကျောင်းသား၊ကျောင်းသူတိုင်းအား နိုင်ငံတော်မှ(အခမဲ့)ပေးအပ်ပြီး မူလတန်းအဆင့် ကျောင်းသား ၊ကျောင်းသူများအား ၎င်းပစ္စည်းများအပြင် ကျောင်းဝတ်စုံ တစ်စုံစီပါ‌ ပေးအပ်ကာ ကျောင်းအပ်လက်ခံ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ပေါင်မြို့နယ်တွင် အခြေခံပညာ ကျောင်းပေါင်း (၁၆၄)ကျောင်းရှိပြီး ပထမနေ့ တွင် ကျောင်းသား၊ ကျောင်းသူများ လာရောက်အပ်နှံသူ အများအပြားရှိကြောင်း ခေတ္တမြို့နယ်ပညာရေးမှူး ဒေါ်နွယ်နွယ်အေး ၏ ပြောကြားချက်အရ သိရသည်။


မွန်မလေး 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)