Blue Mountain မှ ဒီဇယ်အဖြစ် ပြောင်းသွားခြင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

Blue Mountain မှ ဒီဇယ်အဖြစ် ပြောင်းသွားခြင်း



စစ်ကိုင်းမှာ Blue Mountain အချိုရည်ဗူးများနဲ့ ထည့်သည်လာတဲ့ စက်သုံးဆီတွေကို ပေါက်ကိုယ်တော်၏ တပည့်များက ဖမ်းဆီးရမိခဲ့ပါတယ်။ အကြမ်းဖက်သမားတွေထံကို လောင်စာဆီထောက်ပို့လုပ်ပေးနေတဲ့ သူတွေရဲ့ လုပ်ဆောင်ချက်ကတော့ ပိရိတယ်လို့ ထင်ရပါတယ်။ အချိုရည်ကတ်တွေမှာ ဒီဇယ်တွေထည့်ပြီး ပါကင်ပုံစံပြန်လည် ထုတ်ပိုးပြီး သယ်ဆောင်ခြင်း ဖြစ်ပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေနဲ့လည်း အမှုမဲ့ အမှတ်မဲ့ စစ်ဆေးမယ်ဆိုရင် မိစရာ အကြောင်းမရှိပါဘူး။

ပေါက်ကိုယ်တော်ကတော့ ဒီဗူးတွေကို စစ်ဆေးပြီး "ဒါတွေကို ခင်ဗျားတို့ အအေးဗူးတွေလို့ ထင်လိမ့်မယ်။ ထည့်ထားတာက ဒီဇယ်တွေ၊ အကြမ်းဖက်အဖွဲ့တွေရှိတဲ့ လက်ပံလှ၊ စဉ့်ကူး၊ မိုးကုတ်ဘက် ကို ပို့မယ့်ဟာတွေပါ။ ဒါတွေက အချိုရည်မဟုတ်ဘူး။ ကျည်ဆန်တွေပဲ။" လို့ သုံးသပ်ပြောဆိုပါတယ်။

ဒါမျိုး ဖမ်းမိဖို့ဆိုတာ ခဲယဉ်းပါတယ်။ အကြမ်းဖက်အဖွဲ့တွေ ဒီနေ့ဒီအချိန်အထိ လှုပ်ရှားနေတယ်။ သူတို့ သွားလာလှုပ်ရှားဖို့ လောင်စာဆီ ဘယ်ကရလဲ။ ခိုးလမ်းကနေ ပို့ပေးနေကြခြင်းဖြစ်ပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်အားလုံးက မဖမ်းတာတော့ မဟုတ်ပါဘူး။ ဖမ်းတဲ့ ဂိတ်က ဖမ်းပြီး ငွေယူပြီး လွှတ်ပေးတဲ့ ဂိတ်က လွှတ်ပေးနေပါတာမျိုးတွေလည်း တွေ့ရမှာပါ။ 

အကြမ်းဖက်အဖွဲ့များထံ ထောက်ပို့လုပ်နေသူတွေကလည်း လုံခြုံရေးတပ်ဖွဲ့ဝင်များရဲ့ ဖမ်းဆီးခြင်း မခံရအောင် ကလိမ်ကကျစ် နည်းမျိုးစုံနဲ့ သယ်ဆောင်နေတာကို တွေ့ရမှာပဲ ဖြစ်ပါတယ်။

နောက်ဆုံးတော့ ပိပိရိရိ အချိုရည်ကတ်ပုံစံမျိုးနဲ့ သယ်ဆောင်တဲ့ အခြေအနေကို ရောက်ရှိလာပါတယ်။ နီပိတ် ပဒက် ပြည်ဖျက်မိစ္ဆာတွေ တိုင်းပြည် ကောင်းရာကောင်းကျိုးအတွက် ဘယ်လိုဆောင်ရွက်ရမလဲ ဆိုတာမျိုးကိုသာ မတွေးတတ်တာ။ တိုင်းဖျက် ပြည်ဖျက် အကြမ်းဖက်လှုပ်ရှားမှုကို ဘယ်လိုလုပ်ရမလဲဆိုတာတော့ အောက်လမ်းနည်းမျိုးစုံနဲ့ လုပ်တတ်ပါတယ်။

NLD အစိုးရလက်ထက်မှာကတည်းက အောက်လမ်းနည်းတွေနဲ့ စစ်ကိုင်းတိုင်းဒေသကြီးမှာ နိုင်ငံရေးမှိုင်းတိုက်ခိုက်တာဆိုတော့ အခုထိ အောက်လမ်းဆေးမိပြီး နီပိန်း ကနေ နီပိတ်ဖြစ်။ တိုင်းဖျက် ပြည်ဖျက် အကြမ်းဖက်သမားဘဝကိုရောက်နေလဲ နီပိတ်တွေကတော့ အောက်လမ်းဆေးမိထားတဲ့အတွက် အကြမ်းဖက်သမားအဖြစ်နဲ့ တိုင်းဖျက် ပြည်ဖျက် အလုပ်တွေကို ပျော်မွေ့နေကြတုန်းပဲ။

ရှာမှ ရှားတဲ့ လောင်စာဆီသယ်ဆောင်နီ၊ ရွှေဉာဏ်တော် စူးရောက်ပါတဲ့ နီပိတ်တွေ ဟာ အချိုရည်ကတ် ပုံစံနဲ့ လောင်စာဆီတွေ သယ်ဆောင်နေပါပြီတဲ့ဗျာ -


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)