အမေရိကန်ရဲ့ အကြံပြုချက်ကို ဟားမတ်စ်တွေလက်ခံပြီး ဓားစားခံတွေကို ပြန်လွှတ်ပေးတော့မယ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမေရိကန်ရဲ့ အကြံပြုချက်ကို ဟားမတ်စ်တွေလက်ခံပြီး ဓားစားခံတွေကို ပြန်လွှတ်ပေးတော့မယ်


မေ - ၂၇ ( အင်္ဂါနေ့ ) 

ဂါဇာအပစ်အခတ်ရပ်စဲရေးဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် စတိဝစ်ကော့ဖ် ၏ အဆိုပြုချက်ကို ဟားမတ်စ်အဖွဲ့က လက်ခံလိုက်တယ်လို့ ဟားမတ်စ်အဖွဲ့နဲ့ နီးစပ်တဲ့ ပါလက်စတိုင်းအရာရှိတစ်ဦးက ရိုက်တာသတင်းဌာနကို တနင်္လာနေ့တွင် ပြောကြားခဲ့ပြီး ပဋိပက္ခအဆုံးသတ်ရန် လမ်းခင်းပေးခဲ့ကြောင်း ဖော်ပြထားပါတယ်။ 

ဓားစာခံ ၁၀ ဦးကို လွှတ်ပေးရန်နှင့် ရက်ပေါင်း ၇၀ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ အဆိုပြုချက်အသစ်ကို ဟားမတ်စ်တို့က သဘောတူတယ်လို့ ကြားဝင်ဖျန်ဖြေသူများမှတစ်ဆင့် လက်ခံရရှိခဲ့ပါတယ်။  ရက် ၇၀ အပစ်အခတ်ရပ်စဲရေးနှင့် ဂါဇာကမ်းမြှောင်မှ တစ်စိတ်တစ်ပိုင်း နုတ်ထွက်ရေးနဲ့ ဟားမတ်စ်က ဖမ်းဆီးထားသော အသက်ရှင်ကျန်ရစ်သော အစ္စရေး ဓားစာခံ ၁၀ အုပ်စုနှစ်စုခွဲပြီး လွှတ်ပေးရန်အတွက် အဆိုပြုချက်တွင် ပါဝင်ကြောင်း သတင်းရင်းမြစ်က ဆိုသည်။

အစ္စရေးမှ ဖမ်းဆီးထားတဲ့ နှစ်ရှည်ထောင်ဒဏ် ကျခံနေရသူ ရာပေါင်းများစွာ အပါအဝင် ပါလက်စတိုင်း အကျဉ်းသား အများအပြားကို လွှတ်ပေးရန် အဆိုပြုချက်ကိုလည်း ပြဆိုထားပါတယ်။ ဟားမတ်စ်၏ အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်ကို မည်သည့်တာဝန်ရှိ အစိုးရမှ လက်မခံနိုင်ကြောင်း အစ္စရေး အရာရှိတစ်ဦးက နောက်ပိုင်းတွင် ပြောကြားခဲ့ပါတယ်။

အစ္စရေး ဝန်ကြီးချုပ် ဘန်ဂျမင်နေတန်ယာဟုက ဓားစာခံများ လွတ်မြောက်ရေး အတွက် ယာယီ အပစ်အခတ် ရပ်စဲရေးကို အစ္စရေး အနေဖြင့် ဆန္ဒရှိကြောင်း ပြောကြားခဲ့ပြီး၊ ဟားမတ်စ်များ အမြစ်ပြတ် ချေမှုန်း ပြီးသည်နှင့် တိုက်ပွဲများ ပြီးဆုံး နိုင်မည်ဟု ကတိပြု ထားပါတယ်။ 


REF: China Daily

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)