ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် ရန်ကုန်မြို့ရှိ မြန်မာမှုအနုပညာဗဟိုဌာနတည်ဆောက်မှု ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် ရန်ကုန်မြို့ရှိ မြန်မာမှုအနုပညာဗဟိုဌာနတည်ဆောက်မှု ကြည့်ရှုစစ်ဆေး


ရန်ကုန်၊ မေ ၂၄

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် မင်းဓမ္မလမ်းပေါ်ရှိ အနုပညာဗဟိုဌာန (Myanmar Arts Center) သို့ ရောက်ရှိကာ တည်ဆောက်ရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဆောက်လုပ်ဆဲလုပ်ငန်းခွင်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက Structure ပါအတိုင်း အဆင့်တိုင်းတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန အရည်အသွေးစစ်ဆေးရေးအဖွဲ့ (QC Team)က အလေးထားစစ်ဆေးသွားရေး၊ QC Report တင်ပြပေးရေး လိုက်နာဆောင်ရွက်မှုမှတ်တမ်းထားရှိ စစ်ဆေးကြီးကြပ်ရေး၊ ငလျင်ရစ်(ခ်)တာစကေး ၈ ဒသမ ၀ ခံနိုင်ရည်ရှိအောင် ဆောင်ရွက်ရေးတို့ကို မှာကြားသည်။

နိုင်ငံတကာအဆင့်မီ အနုပညာဗဟိုဌာနအကောင်အထည်ဖော်ရေးကော်မတီသည် အဆောက်အအုံဆောက်လုပ်ရန်အတွက် ၂၀၁၆ ခုနှစ် မတ်၂၈ ရက်တွင် လုပ်ငန်းစတင်ဆောင်ရွက်ခဲ့ရာ အနုပညာဗဟိုဌာနရှိ ပင်မအဆောက်အအုံ၏ Foundation နှင့် Steel Structure သံတိုင်များ စိုက်ထူထားသည့် Skeleton Phase-1 အဆင့် တည်ဆောက်ပြီးစီးခဲ့ပြီဖြစ်သည်။

အဆိုပါအနုပညာဗဟိုဌာနကြီး တည်ဆောက်ပြီးစီးပါက နိုင်ငံတကာမှ လာရောက်သော ယဉ်ကျေးမှု ပဒေသာကပွဲများ၊ ကဇာတ်၊ ပြဇာတ်နှင့် တေးဂီတသံစုံဖျော်ဖြေတီးခတ်မှုများ၊ တေးဂီတဆိုင်ရာ ဖျော်ဖြေမှုများ၊ အနုပညာနှင့်ဆက်စပ်သော ပန်းချီ၊ ပန်းပုဆိုင်ရာပြပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ အနုပညာဆိုင်ရာ ပညာပေးဟောပြောမှုများကို ဆောင်ရွက်နိုင်မည်ဖြစ်သဖြင့် ဂီတ၊ သဘင်၊ ရုပ်ရှင်၊ ပန်းချီ၊ ပန်းပုနှင့် စာပေနယ်ပယ်အသီးသီးမှ မြန်မာအနုပညာရှင်လူငယ်များအနေဖြင့် မိမိတို့၏အနုပညာရပ်များကို ကမ္ဘာသို့ ဖော်ထုတ်ပြသနိုင်မည်သာမက ကမ္ဘာ့အနုပညာအသီးသီးနှင့် ဆက်စပ်ပူးပေါင်းဆောင်ရွက်နိုင်သည့် အခွင့်အလမ်းကောင်းများရရှိစေမည့် ပြယုဂ်တစ်ခုဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)