ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦး မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ခံစားခဲ့ရသော ဝန်ထမ်းနှင့်မိသားစုဝင်များ ယာယီနေထိုင်နိုင်ရန် Container House များ တပ်ဆင်တည်ဆောက်မှု ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦး မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ခံစားခဲ့ရသော ဝန်ထမ်းနှင့်မိသားစုဝင်များ ယာယီနေထိုင်နိုင်ရန် Container House များ တပ်ဆင်တည်ဆောက်မှု ကြည့်ရှုစစ်ဆေး


နေပြည်တော်၊ မေ ၂၄

ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦးသည် ဒုတိယစာရင်းစစ်ချုပ် ဒေါ်နိုင်သက်ဦးနှင့်အတူ ယမန်နေ့က ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးဝင်းအတွင်းရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ငလျင်ဘေးသင့်ဝန်ထမ်းနှင့် မိသားစုဝင်များ ယာယီနေထိုင်နိုင်ရန်အတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ခွဲဝေချထားပေးသည့် အိပ်ခန်းနှစ်ခန်းပါ Container House များကို တပ်မတော်သားများ၏ လုပ်အားဖြင့် နေရာချထားနေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် အိပ်ခန်းတစ်ခန်းပါ Container House များ တပ်ဆင်တည်ဆောက်ပြီးမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ရေ၊ မီး၊ မိလ္လာစနစ်များ စနစ်တကျဖြစ်စေရေး၊ နေရာချထားမှုစနစ်တကျရှိစေရေး မှာကြားသည်။

ယင်းနောက် ပြည်ထောင်စုစာရင်းစစ်ချုပ်သည် ငလျင်ဘေးသင့်ဝန်ထမ်းများ ယာယီနေထိုင်လျက်ရှိသည့် အိမ်ခန်း ၁၈ ခန်းကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လက်ခံရရှိပြီးသည့် Container House များ အမြန်ဆုံးပြီးစီးအောင် တပ်ဆင်တည်ဆောက်နိုင်ရေးနှင့် ငလျင်ဘေးသင့်ဝန်ထမ်းများ မိုးမကျမီ အမြန်ဆုံးပြောင်းရွှေ့နေထိုင်နိုင်ရေး စီစဉ်ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)