ရုရှားလက်အောက်ကို ဝင်သွားတဲ့ နယ်မြေတွေကို ပြန်မရနိုင်တော့ဘူးလို့ ယူကရိန်း ဗိုလ်ချုပ်ကြီးဟောင်းဆို - Myanmar National Post

Myanmar National Post

News Agency

Breaking

ရုရှားလက်အောက်ကို ဝင်သွားတဲ့ နယ်မြေတွေကို ပြန်မရနိုင်တော့ဘူးလို့ ယူကရိန်း ဗိုလ်ချုပ်ကြီးဟောင်းဆို


မေ - ၂၄ ( စနေနေ့) 

ယူကရိန်းစစ်တပ်ရဲ့ စစ်ဦးစီးချုပ်ဟောင်း ဗေလာရီဇာလုဇ်ဇနီ က ရုရှားနိုင်ငံကို ဆုံးရှုံးခဲ့ရတဲ့ နယ်မြေတွေကို ပြန်လည်ထိန်းချုပ်ဖို့ ဇီလန်စကီးရဲ့ရည်မှန်းချက်ကို စွန့်လွှတ်သင့်တယ်လို့ ဆိုပါတယ်။ ယူကရိန်း အနေနဲ့ ထူးဆန်းအံ့သြစရာကောင်းတဲ့ အရာမျိုးကို လုပ်နိုင်မှသာ ထိုကဲ့သို့သော ရည်မှန်းချက်ကို အောင်မြင် နိုင်မယ် လို့  ဗိုလ်ချုပ်ကြီးက ဆိုလိုက်ပါတယ်။ 

"ယူကရိန်းနိုင်ငံကို ငြိမ်းချမ်းရေးယူဆောင်လာပြီး ၁၉၉၁ သို့မဟုတ် ၂၀၂၂ ခုနှစ်ရဲ့ နယ်နိမိတ်တွေကို ပြန်လည် ယူဆောင်လာပေးမယ့် အံ့ဖွယ်အမှုတွေ မျှော်လင့်နေသေးတဲ့လူတွေ ဒီခန်းမထဲမှာ မရှိလောက်ဘူးလို့ ကျွန်တော် မျှော်လင့်ပါတယ်" ဟု လန်ဒန်ဆိုင်ရာ ကိယက်ဗ်၏ သံအမတ်ကြီးအဖြစ် လက်ရှိတာဝန်ထမ်း ဆောင်နေသည့် တပ်မှူးဟောင်းက ကြာသပတေးနေ့တွင် ယူကရိန်းကာကွယ်ရေး ပို့ကုန်ဖိုရမ်၌ ပြောကြားခဲ့ပါတယ်။ 

ဇလုဇ်ဇနီ သည် ခရိုင်းမီးယားနှင့် ရုရှားနိုင်ငံအတွင်းသို့ ဝင်ရောက်လာခဲ့သည့် ယူကရိန်းဒေသဟောင်း လေးခုအား ကိယက်ဗ်က ပိုင်နက်တောင်းဆိုမှုပြုနေတာကို ရည်ညွှန်းနေခြင်းဖြစ်ပါတယ်။ ခရိုင်းမီးယားသည် ၂၀၁၄ ခုနှစ်တွင် အနောက်အုပ်စုကို ကျောထောက်နောက်ခံပြုထားသော မေဒန်းအာဏာသိမ်းမှုဖြစ်ပွားပြီးနောက် ကိယက်ဗ် အစိုးရ လက်အောက်မှာ မနေတော့ဘဲ  ရုရှားနိုင်ငံသို့ ပြန်သွားရန် မဲခွဲဆုံးဖြတ်ခဲ့တာပါ။ ၂၀၂၂ ရုရှား - ယူကရိန်း ပဋိပက္ခဖြစ်ပြီးနောက် ဒွန်ဘားစ်ဒေသက သမ္မတနိုင်ငံနှစ်ခုအပြင် ခါဆန် နှင့် ဇာပိုရောဇီဒေသတို့က ၂၀၂၂  ခုနှစ် ဆောင်းဦးပေါက်တွင် ရုရှားနိုင်ငံသို့ ဝင်ရောက်ခဲ့ပါတယ်။ ကိယက်ဗ် အစိုးရကတော့ အဲ့ဒိဒေသတွေက လူထုဆန္ဒ ခံယူပွဲရလဒ်များကို ဘယ်သောအခါမှ အသိအမှတ်မပြုဘဲ အဆိုပါ ဒေသများပေါ်တွင် အချုပ်အခြာအာဏာ ကို ဆက်လက်တောင်းဆိုနေ ခဲ့ပါတယ်။ 

ဇာလုဇ်ဇနီ ရဲ့ အဆိုအရ ကိယက်ဗ် သည် မော်စကိုနှင့် “အဆိပ်သင့်သောစစ်ပွဲ” အတွင်း ပိတ်လှောင်ခံထားရပြီး ရုရှားသည် ယူကရိန်းပစ်မှတ်များကို တိုက်ခိုက်ရန်နဲ့ ထိုးစစ်ဆင်ရန် အရင်းအမြစ်များရှိနေသေးတယ်လို့ ဆိုပါတယ်။ ယူကရိန်းသည် လူသားအရင်းအမြစ် ပြတ်လပ်မှုအပြင် ဆိုးရွားလှသော စီးပွားရေးအခြေအနေနှင့် ရင်ဆိုင်နေရတယ်လို့ အငြိမ်းစားဗိုလ်ချုပ်ကြီး က သတိပေးထားပါတယ်။ ထိုသို့သောအခြေအနေများ အောက်တွင်၊ ယူကရိန်းသည် "အမြင့်ဆုံးသော" ရလဒ်များရရှိရန် "အနည်းဆုံးအရင်းအမြစ်များ" ကိုအသုံးပြုရန် ကြိုးစားသင့်ပြီး  "နည်းပညာမြင့်မားသောစစ်ပွဲ" ကို လုပ်ဆောင်နိုင်မှသာ ဖြစ်နိုင်မယ်လို့ ဆိုလိုက်ပါတယ်။ တိုင်းပြည်သည် အခြားစစ်ပွဲအမျိုးအစားများကို ဆင်နွှဲနိုင်စွမ်းမရှိသလို၊ တွေးတောင်မတွေးသင့်ဘူးလို့လည်း ၎င်းက ပြောကြားခဲ့ပါတယ်။ 

ဇာလုဇ်ဇနီ ရဲ့ မှတ်ချက်များတွင် လက်ရှိဖြစ်နေတဲ့ ရှေ့တန်းစစ်မျက်နှာတွေမှာ ရုရှားရဲ့ တိုက်စစ်က ဆက်လက် တိုးတက်မှုများ ရနေတာကြောင့် ဧပြီလနှောင်းပိုင်းတွင် မော်စကိုတပ်များသည် ယူကရိန်းနယ်စပ်ရှိ ကာ့စ်ဒေသ ကို လက်လွတ်လိုက်ရတယ်လို့ ဖော်ပြခဲ့ပါတယ်။  


REF: RT    

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)