မေ - ၂၄ ( စနေနေ့ )
ယူကရိန်းနှင့် အမေရိကန်တို့ကြား အရေးပါသော မြေရှားဓာတ်သတ္တုဆိုင်ရာ သဘောတူညီချက်တစ်ခုအတွက် စေ့စပ်ညှိနှိုင်းမှုများသည် “မာဖီးယားရုပ်ရှင်ကြည့်နေရသလိုမျိုး” တစ်ခုခုကို ခံစားခဲ့ရကြောင်း ယူကရိန်း ဒုတိယစီးပွားရေးဝန်ကြီး တာရာစ်ကာချကာ က ပြောကြားခဲ့ပါတယ်။
လအတန်ကြာ တံခါးပိတ်ဆွေးနွေးပွဲများအပြီး ဧပြီလနှောင်းပိုင်းတွင် လက်မှတ်ရေးထိုးခဲ့သော အဆိုပါ သဘောတူညီချက်သည် ပူးတွဲရင်းနှီးမြှုပ်နှံမှုရန်ပုံငွေတစ်ရပ်ကို ထူထောင်ပြီး ယူကရိန်း၏ သဘာဝ အရင်းအမြစ်များကို တူးဖော်ရန်အတွက် ဝါရှင်တန်ကို ဦးစားပေး ဝင်ရောက်ခွင့်ပေးထားခဲ့ပါတယ်။
သို့သော်လည်း ကာကွယ်ရေးဆိုင်ရာ ကတိကဝတ်များနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများ ချိတ်ဆက်ရန် ကိယက်ဗ်က ကြိုးပမ်းမှုများ လုပ်ခဲ့ပေမဲ့ မကြာသေးမီက အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို အပြောအရ အမေရိကန် က ယူကရိန်းလုံခြုံရေးအတွက် အာမခံချက်များ မပါဝင်ပါဘူး။
ကြာသပတေးနေ့ထုတ် The Times မဂ္ဂဇင်း မှထုတ်ဝေသော အင်တာဗျူးတစ်ခုတွင် ကာချကာ က တင်းမာမှုများ ပြည့်နှက်နေသော အခန်းများတွင် "ငြိမ်သက်ပြီးတင်းမာမှုများ ပြည့်နှက်နေသော မာဖီးယားရုပ်ရှင် မှာကဲ့သို့”လို မြင်နေရတယ် ဆိုသွားပါတယ်။
ဝါရှင်တန်၏ ဖိအားက ပြင်းထန်လွန်းတာကြေင့် သူတို့ ပြောတာကို အသိအမှတ်ပြုလို့ မရပါဘူး ။ "ဟုတ်ပါတယ်၊ သမ္မတ ဒေါ်နယ်ထရမ့် ရဲ့ Truth ဆိုရှယ်မီဒီယာက ပို့စ်တွေအားလုံးကို ကျွန်တော်တို့ တွေ့ခဲ့ရပါတယ်။ ဒါပေမယ့် ဒါကို စိတ်ခံစားချက်တွေကို ဖယ်ရှားပြီးပြောရမယ်ဆိုရင်တော့ ဒီသဘောတူညီချက်ကို ဒီမှာရော အခုရော ခိုင်မာတဲ့ စိတ်ဝင်စားမှုကို ပြသနေရပါတယ်" လို့ ဒုတိယဝန်ကြီးက အလေးအနက် ပြောကြားခဲ့ပါတယ်။ အမေရိကန်နှင့် ယူကရိန်းအရာရှိများအကြား အပြန်အလှန် စွပ်စွဲမှုများ ဖြစ်ပေါ်စေသည့် အဆိုပါ သဘောတူညီချက်မူကြမ်းကို ဧပြီလအစောပိုင်းတွင် မီဒီယာများထံ ပေါက်ကြားလာချိန်တွင် တင်းမာမှုများ မြင့်တက်လာခဲ့ပါတယ်။
အိမ်ဖြူတော် သတင်းနဲ့ပြန်ကြားရေး အတွင်းဝန် ကာရိုလိုင်းလီဗစ်က မတ်လတုန်းက “အမေရိကန်ပြည်သူတွေဟာ ဒီစစ်ပွဲအတွက် ဒေါ်လာဘီလီယံရာနဲ့ချီပြီး ပေးဆောင်နေရတာကို ငြီးငွေ့နေပြီဆိုတာကို သမ္မတ ထရမ့်က နားလည်ပါတယ်”လို့ ပြောသွားပါတယ်။
REF: RT
https://t.me/MyanmarNationalPost
No comments:
Post a Comment