ကြံခင်း၊ မေ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ၏ ကြီးကြပ်မှုဖြင့် မြို့အင်္ဂါရပ်နှင့်အညီ (Clean City) သန့်ရှင်းသာယာလှပစေရေးအတွက် ရပ်ကွက်၊ ကျေးရွာ မကျန်အပတ်စဉ် စနေနေ့တိုင်းဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၇ နာရီအချိန်တွင် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းနှင့် သုံးမိုင်ပတ်လည် စိမ်းလမ်းစိုပြေရေး ဖားတစ်ရှင်း တံတားအနီး ကြံခင်း-မြန်အောင် အဝေးပြေးလမ်းဘေးဝဲယာတွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက် ကြသည်။
အဆိုပါ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း အတွင်းအပြင် သန့်ရှင်းသာယာလှပ စေရေး၊ ကျောင်းသား၊ ကျောင်းသူများ ခြင်မှတဆင့် ကူးစက်တတ်သော ရောဂါများမဖြစ်ပေါ်စေရေး အတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဝင်များ၊ တပ်ရင်းတပ်ဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်နေပြည်သူများက ကျောင်းအတွင်း/အပြင်ရှိ ပေါင်းမြက်များ နှုတ်ခြင်း၊ မြက်ရိတ်စက်ဖြင့် မြက်ဖြတ်ရှင်းလင်းခြင်း၊ ခြုံနွယ်ပေါင်းပင်များအား စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ကြသည်။ ယင်းနောက် သုံးမိုင်ပတ်လည် (Clean City) စိမ်းလမ်းစိုပြေရေး ကြံခင်း-မြန်အောင် အဝေးပြေးလမ်းမပေါ်ရှိ ဖားတစ်ရှင်းတံတားအနီး လမ်းဘေးဝဲယာရှိ ပေါင်းမြက်များ နှုတ်ခြင်း၊ မြက်ရိတ်စက်ဖြင့် မြက်ဖြတ်ရှင်းလင်းခြင်း၊ ခြုံနွယ်ပေါင်းပင်များရှင်းလင်းခြင်း၊ လမ်းဘေး ဝဲယာတစ်လျှောက်တွင် အုန်းချိုမွှေးပင်များနှင့် ရေတမာပင်များအား ပေါင်းရှင်းမြေဆွခြင်းဆောင်ရွက် နေမှုများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းလှိုင်နှင့်တာဝန်ရှိသူများတို့က လှည့်လည် ကြည့်ရှုအားပေးကြကာ လိုအပ်ချက်များအား ပေါင်းစပ်ပေးခဲ့သည်။
အလားတူ ဘက်ရဲမြို့နှင့် ရပ်ကွက်၊ ကျေးရွာများရှိ အခြေခံပညာကျောင်းများတွင် အုပ်ချုပ် ရေးမှူးများ၊ ရပ်ကွက်နေပြည်သူများနှင့် လူမှုရေးအသင်းအဖွဲ့များက သန့်ရှင်းသာယာလှပစေရေး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်လျက်ရှိ ကြောင်းသိရသည်။
ဖြိုးဝေလင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment