တွံတေးမြို့နယ်၌ ပန်းခင်းစီမံချက်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်အား ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တွံတေးမြို့နယ်၌ ပန်းခင်းစီမံချက်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်အား ကွင်းဆင်းဆောင်ရွက်



တွံတေး၊ မေ ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် ဗျောက်ရိုးကျေးရွာအုပ်စုရှိ အုပ်ချုပ်ရေးမှူးနေအိမ်တွင်အခြေပြု၍ ပန်းခင်းစီမံချက်အဆင့်(၃) ဖြင့် နိုင်ငံသားစိစစ်ရေးကတ်အား ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီအချိန်က ဗျောက်ရိုးကျေးရွာ အုပ်ချုပ်ရေးမှူနေအိမ်တွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ယင်းသို့ ဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊  တွံတေးမြို့နယ်ဦးစီးမှူးရုံးမှ လဝကမှူးဒေါ်ခင်ဆွေဦးပါ(၃) ဦးမှ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်မရှိသူများ ကွင်းဆင်းဆောင်ရွက်နှင့် ဂဏန်း ၁၀ လုံးပါဝင်သည့် UID ကတ်များ ပြုလုပ်ပေးနိုင်ရေး ဇီဝဆိုင်ရာအချက်အလက် စိစစ်ကောက်ယူခြင်းနှင့် UID နံပတ်ထုတ်ပေးခြင်းကိုဒု-လဝကမှူးဦးမောင်အေးခိုင်ပါ(၃) ဦးမှ UID စိစစ်ထုတ်ပေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ပန်းခင်းစီမံချက်ဖြင့် ဥပဒေနှင့်အညီ ဆောင်ရွက်ခြင်းဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သောကတ်တစ်မျိုးမျိုး ရရှိနိုင်စေရန်နှင့်  သတ်မှတ်ချက်များနှင့်ကိုက်ညီသည့်နိုင်ငံသားများမကျန် ရှိစေရေးအတွက် အိမ်ထောင်စုလူဦးရေစာရင်း လျှောက်ထားရာတွင် လိုအပ်သည့်

စာရွက်စာတမ်း အထောက်အထားများ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားကိုင်ဆောင်သူများ လိုက်နာရမည့်အချက်များ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားလျှောက်ထားရာတွင် ပူးတွဲတင်ပြရမည့်အထောက်အထားများ၊ ရွှေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသ/လက်ရှိဒေသတွင်ရှိခြင်း၊ နေထိုင်မှုပုံစံများအလိုက် ဆောင်ရွက်ပေးရမည့်အမျိုးအစား(၄)မျိုး၊ နိုင်ငံသားစိစစ်ရေးကတ်ပြားကိုင်ဆောင်ခြင်းအားဖြင့် ပြည်သူများအနေဖြင့် အကျိုးကျေးဇူးများ ရရှိနိုင်မည့်ဖြစ်ကြောင်း သိရသည်။

အဆိုပါကွင်းဆင်းဆောင်ရွက်နေမှုကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ထူးနှင့် ကျေးရွာအုပ်ချုပ်ရေးမှုးများက လိုအပ်သည်များကို ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ကြသည်။ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အသက်၁၈နှစ်နှင့်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသေးသူများအား (၁.၁.၂၀၂၅မှ ၃၁.၁၀.၂၀၂၅အထိ) ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


တွံတေးသား

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)