တာမွေ၊ မေ ၁၇
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ် သတင်းစာဆရာအသင်း တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက် အဝေရာလမ်းရှိ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြန်မာနိုင်ငံသတင်းစာဆရာအသင်း ဗဟိုဥက္ကဋ္ဌ ဆရာကြီး ဦးမြတ်ခိုင်မှ အဖွင့်အမှာစကားပြောကြား ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး သတင်းစာဆရာအသင်း ဥက္ကဋ္ဌ ဆရာဦးထွန်းရင်မှ နှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။ ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး သတင်းစာဆရာအသင်းသို့ လှူဒါန်းသော အလှူငွေကျပ်ငါးသိန်းအား တာမွေ မြို့နယ်သတင်းစာဆရာအသင်း ဥက္ကဋ္ဌ ဦးထွန်းထွန်းဦးနှင့် အဖွဲ့ဝင်များက ပေးအပ်လှူဒါန်းရာ တိုင်းဒေသကြီးသတင်းစာ ဆရာအသင်း ဥက္ကဋ္ဌ ဆရာဦးထွန်းရင်က လက်ခံရယူခဲ့ပြီး မြို့နယ်သတင်းစာဆရာအသင်း အလုပ်အမှုဆောင်အဖွဲ့ အမည်စာရင်းအား ဦးအောင်သာဒိုးမှ တင်သွင်းခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး သတင်းစာဆရာအသင်း ဥက္ကဋ္ဌ ဆရာ ဦးထွန်းရင်က မြို့နယ်သတင်းစာဆရာအသင်း အလုပ်အမှုဆောင်အဖွဲ့ အမည်စာရင်းအား အတည်ပြုခဲ့ပြီး မြို့နယ် သတင်းစာဆရာ အသင်းအဖွဲ့ဝင်များက ကတိသစ္စာပြုခဲ့ကြသည်။ ယင်းနောက် တာမွေမြို့နယ်သတင်းစာဆရာအသင်း ဥက္ကဋ္ဌက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
အခမ်းအနားသို့ မြန်မာနိုင်ငံသတင်းစာဆရာအသင်း ဗဟိုနှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ အသင်းဥက္ကဋ္ဌများ၊ မြို့နယ်သတင်းစာဆရာအသင်းမှ နာယကကြီးများ၊ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အထူးဖိတ်ကြားထားသော ဧည့်သည် တော်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်
https://t.me/MyanmarNationalPost



No comments:
Post a Comment