မေ - ၅ ( တနင်္လာနေ့ )
အိန္ဒိယသည် ၎င်း၏ ပိုင်နက်မှ အိမ်နီးချင်း ပါကစ္စတန်သို့ စီးဆင်းနေသည့် ရေပေးဝေမှုကို ကန့်သတ်ရန် စတင်နေပြီဖြစ်ပြီး အလားတူ အစီအမံများ ရှိလာမည်ဟု PTI သတင်းအေဂျင်စီက အမည်မဖော်လိုသည့် သတင်းရင်းမြစ်ကို ကိုးကားပြီး PTI သတင်းက ဖော်ပြခဲ့ပါတယ်။
နယူးဒေလီအစိုးရက အစ္စလာမာဘတ်အစိုးသည် နယ်စပ်ဖြတ်ကျော် စစ်သွေးကြွများ၏ ကျုးကျော်မှုများကို ကူညီပေးနေကြောင်း စွပ်စွဲကာ အဓိက ရေခွဲဝေမှု အိန္ဒူ့ မြစ်ရေခွဲဝေသုံးစွဲရေး စာချုပ်ကို မကြာမီ ဆိုင်းငံ့လိုက်ပါတယ်။ အစ္စလာမာဘတ်ကတော့ စွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။
တနင်္ဂနွေနေ့တွင် အိန္ဒိယ၏အကြီးဆုံးသတင်းအေဂျင်စီ PTI က ချီနဘ် မြစ်ပေါ်ရှိ ဘဂ်လီဟာ ရေလှောင်တမံမှ တစ်ဆင့် ရေစီးဆင်းမှုကို ပိတ်ဆို့ထားကြောင်း အမည်မဖော်လိုသည့် သတင်းရင်းမြစ်ကို ကိုးကားပြီး ပြောခဲ့ပါတယ်။ အလားတူ အိန္ဒိယအုပ်ချုပ်သည့် ဂျမူးနှင့် ကက်ရှ်မီးယားဒေသ မြောက်ဘက်ရှိ ဂျယ်လမ်မြစ်ပေါ်ရှိ ကီရှန်ဂန်ဂါဆည် ကို လည်း ပိတ်ဆို့ရန် စီစဉ်နေတယ်လို့လည်း ဆိုပါတယ်။
ကမ္ဘာ့ဘဏ်၏ ပံ့ပိုးကူညီမှုဖြင့် ၁၉၆၀ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သောအိန္ဒူ့မြစ်ရေစာချုပ် (IWT) သည် စစ်ပွဲ လေးကြိမ် ဖြစ်ပွား ပြီးနောက်မှ ပေါ်ထွက်လာခဲ့တာပဲ ဖြစ်ပါတယ်။ ပါကစ္စတန်သည် ကမ္ဘာပေါ်တွင် မြစ်ရေအပေါ် မှီခိုအားထားပြီး အလေးပေးရဆုံး နိုင်ငံတစ်ခု ဖြစ်ပါတယ်။ စိုက်ပျိုးရေး၊ သောက်သုံးရေနှင့် စွမ်းအင်ထုတ်လုပ်ရေးတို့အတွက် အိန္ဒူ့မြစ်ကို မှီခိုအားထားနေရပါတယ်။ ခန့်မှန်းချက်များအရ အိန္ဒိယနိုင်ငံသည် ၎င်း၏ အိမ်နီးနားချင်းသို့ ရေပေးဝေမှုကို ဖြတ်တောက်ပါက ဂျုံ၊ ဆန်နှင့် ဝါဂွမ်းကဲ့သို့သော မရှိမဖြစ်လိုအပ်သည့် စိုက်ပျိုးမြေ ၈၀ % ကျော် ထိခိုက်မည် ဖြစ်တယ်လို့ သိရပါတယ် ။
REF: wiki
https://t.me/MyanmarNationalPost

No comments:
Post a Comment