ရန်ကုန်၊ မေ ၅
ရွှေတိဂုံစေတီတော်အထက်ဝန်းကျင်တွင် ယမန်နေ့ညက ပျံဝဲခဲ့သည်မှာ Drone မဟုတ်ကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနဖြေကြားထားသည်။
လူမှုကွန်ရက်(Facebook)စာမျက်နှာတွင် ပျံ့နှံ့နေသည့် ဗီဒီယိုဖိုင်ပါဓာတ်ပုံများအား Drone Gun အသုံးပြုမှုမှတ်တမ်း ဓာတ်ပုံများနှင့် တိုက်ဆိုင်စစ်ဆေးခဲ့ရာ ၅-၁၀-၂၀၂၄ ရက်နေ့တွင် ဖြစ်ပွား ခဲ့သော ဖြစ်စဉ်ဖြစ်ပြီး ညအမှောင်တွင် အထက်ကောင်းကင်ယံမှ မသင်္ကာဖွယ်အရာအား လုံခြုံရေး ဝန်ထမ်းများမှ စစ်ဆေးတွေ့ရှိသဖြင့် စုဖွဲ့ထားသော Drone Gun အဖွဲ့မှ လိုက်လံချိန်တွယ်ခဲ့ကြောင်း၊ မသင်္ကာဖွယ်အရာမှာ အမြင့်ပေမြင့်မားခြင်း၊ ညအချိန်အမြင်မသဲကွဲခြင်းများကြောင့် Drone Gun ဖြင့် လိုက်လံချိန်တွယ်ခဲ့သော်လည်း Drone မဟုတ်သောကြောင့် ပစ်ချခြင်းမရှိခဲ့ပါကြောင်း ပြန်လည် ဖြေကြားထားခြင်းဖြစ်သည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment