ကြံခင်းမြို့နယ်စိုက်တိုးမြှင့်အဖွဲ့မှ စံပြ ၁၀၀ စိုက်ခင်း တောင်သူပညာပေးစခန်းတွင် မိုးစပါးအထွက်တိုးရေးနှင့် ကြဲခင်းစနစ်ပပျောက်ရေး အသိပညာပေးဟောပြော - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကြံခင်းမြို့နယ်စိုက်တိုးမြှင့်အဖွဲ့မှ စံပြ ၁၀၀ စိုက်ခင်း တောင်သူပညာပေးစခန်းတွင် မိုးစပါးအထွက်တိုးရေးနှင့် ကြဲခင်းစနစ်ပပျောက်ရေး အသိပညာပေးဟောပြော







ကြံခင်း၊ မေ ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ဘက်ရဲမြို့၊ အမှတ်(၂) ရပ်ကွက်ရှိ စံပြဧက(၁၀၀) တောင်သူပညာပေးစခန်း ခန်းမဆောင်၌ ယနေ့ နံနက် ၉ နာရီအချိန်က မြို့နယ် စိုက်တိုးမြှင့်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက မိုးစပါးအထွက်တိုးရေးနှင့် ကြဲခင်းစနစ်ပပျောက်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်သည်။

ဦးစွာ မြို့နယ်စိုက်တိုးမြှင့်အဖွဲ့ဥက္ကဋ္ဌ ဦးဝင်းလှိုင်က ၂၀၂၅ ခုနှစ်၊ မိုးစပါးပန်းတိုင် အထွက်နှုန်း ရရှိစေရေး အတွက် ဆာဖိုးသာစပါးကို စိုက်ပျိုးရာတွင် သက်တမ်းအားဖြင့် (၁၁၅)ရက်၊ ေအာင်နိုင်တိုးစပါးသက်တမ်းမှာ (၁၂၀) ရက်သာဖြစ်သည့်အတွက် တောင်သူများအနေဖြင့် စိုက်ပျိုး သင့်ကြောင်း၊ ကြဲခင်းဧရိယာစနစ်များ ပပျောက်ရေးနှင့် သစ်စိမ်းမြေဩဇာ ( ပိုက်ဆံလျှော်) ထည့်ဝင် စိုက်ပျိုးရေး အသိပညာပေးပြောကြားပြီး၊  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစတိုင်းသာက မိုးစပါးလျာထားချက်ထက် ကျော်လွန်စိုက်ပျိုးရေး၊ မျိုးကောင်း မျိုးသန့် များကိုစိုက်ပျိုးရန်၊ ဒေသနှင့်ကိုက်ညီသည့် စပါးမျိုးဖြစ်သော အောင်နိုင်တိုးနှင့် ဆာဖိုးသာ စပါးမျိုးကို စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများအား စိုက်ပျိုးနိုင်ရေးအတွက် ဖြည့်ဆည်း ကူညီပေးသွားမည်အပြင် ကြဲခင်းဧရိယာများအား Seeder စနစ်ဖြင့် စိုက်ပျိုးနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြောကြား သည်။

ထို့နောက် တောင်သူများက ယခင်စိုက်ပျိုးသော စပါးမျိုးများ စိုက်ပျိုးရာတွင် မြေဩဇာ စရိတ်ကြီးမြှင့်ခြင်း၊ ပေါင်းမြက်များရှင်းလင်းရခြင်း၊ စရိတ်ကြီးမြင့်မှုဖြစ်ခြင်း အခက်အခဲ ရှိကြောင်း၊ သစ်စိမ်းမြေဩဇာစိုက်ပျိုးခြင်းကြောင့် မြေဩဇာသုံးစွဲမှုလျော့နည်းခြင်းတို့ကြောင့် သစ်စိမ်းမြေဩဇာ ကို ယခင်ထက်ပိုမို စိုက်ပျိုးသွားမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးဌာနမှ ပေးအပ်မည့် ပန်းတိုင်အထွက် နှုန်း တစ်ဧက တင်း (၁၀၀) ရရှိရေး အောင်နိုင်တိုးစပါး၊ ဆာဖိုးသာစပါး စပါးမျိုးကိုသာ ပူးပေါင်း စိုက်ပျိုးသွားမည် ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ယင်းနောက် မြို့နယ်စိုက်တိုးမြှင့်အဖွဲ့ဥက္ကဋ္ဌ ဦးဝင်းလှိုင်နှင့် မြို့နယ်မြေစာရင်းဦးစီးဌာန၊ မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချရေးစီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်သစ်တောဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့မှ မြို့နယ်ဦးစီးမှူးများက စံပြ ဧက ၁၀၀ နွေစပါးစိုက်ပျိုးထားရှိမှုအား ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များအား ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ဖြိုးဝေလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)