ပေါင်မြို့နယ်၌မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့အခမ်းအနား ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပေါင်မြို့နယ်၌မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့အခမ်းအနား ကျင်းပ








ပေါင်၊ မေ ၂၇

မွန်ပြည်နယ်၊ပေါင်မြို့နယ်၌ မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကိုယနေ့နံနက်ပိုင်းက  အထက ပေါင်  ရွှေရတုခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ (အထက)ပေါင် ကျောင်းသား ကျောင်းသူများက မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထင်လင်းအောင် က ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့ ဟူသည့် ယခုနှစ် ဆောင်ပုဒ်အတိုင်း ကျောင်းနေအရွယ် ကလေးတိုင်းကျောင်းနေနိုင်အောင် ဆောင်ရွက်ကြပါရန်၊ နှစ်ချို့ကလေးတွေလည်း ကျောင်းပြန်နေနိုင်ပါကြောင်း၊ အမိကျောင်းတော်ကြီးက ကျောင်းနေအရွယ်ကလေးတိုင်းကို ကျောင်းနေဖို့ အမြဲဖိတ်ခေါ်ပါကြောင်း အမှာစကားပြောကြားသည်။

ဆက်လက်၍  မြို့နယ်ပညာရေးမှုး (တွဲဘက်တာဝန်ခံ)ဒေါ်နွယ်နွယ်အေးက ကျောင်းနေအရွယ်ကလေးတိုင်း   ကျောင်းနေရန်အတွက်  နိုင်ငံတော်က ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ စသည်များအပြင်မူလတန်းကလေးငယ်များအား ဝတ်စုံများကိုလည်း ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားတွေကိုလည်း ကျောင်းစာပေ အပြင်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုများ ဆက်လက်သင်ကြားပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ပေါင်မြို့နယ်အတွင်း စာသင်ကျောင်း (၁၆၄)ကျောင်းရှိရာ မေလ(၂၂)ရက်နေ့မှစတင်၍ ကျောင်းအပ်လက်ခံနေပြီး ဖြစ်ပါကြောင်း မေလ (၂၇)ရက်နေအထိ အထက်တန်း(၂၆၀၂ )ဦး၊ အလယ်တန်း( ၇၈၂၈  )ဦး၊ မူလတန်း ( ၂၉၀၄၄ )ဦး စုစုပေါင်းကျောင်းသား၊ ကျောင်းသူ( ၃၉၄၇၄ )ဦး ကျောင်းအပ်ပြီးစီးကြောင်း သိရသည်။


မွန်မလေး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)