ရွှေတောင်၊ မေ ၈
ပဲခူးတိုင်းဒေသကြီး ၊ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်း ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးသိန်းအောင်နှင့်အဖွဲ့ဝင်များ၊ ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ ပြည်ခရိုင်၊ ဆည်မြောင်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများ၊ ရွှေတောင်မြို့နယ် ဆည်မြောင်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများ မှ ယမန်နေ့ နံနက်ပိုင်းက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအားကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထိုသို့ ကြည့်ရှု စစ်ဆေးရာတွင် ရွှေတောင်မြို့နယ် ၊ထန်းလုံးချောင်းတာတမံတွင် နေ့/ ည အရေးပေါ်ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ရေကင်းစခန်းတည်ဆောက်ခြင်းနှင့် ရေတံခါးပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ၊ရွှေတောင်မြို့နယ် ၊ထန်းလုံးချောင်းတာတမံတွင် လိုအပ်သည့်နေရာများ ပြင်ဆင်ခြင်းနှင့် တာထိပ်မျက်နှာပြင် ပြုပြင်ခြင်းလုပ်ငန်းများ၊ ရွှေတောင်မြို့နယ် ၊ ကွေ့မတာတမံတွင်နေ့/ ည အရေးပေါ်ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ရေကင်းစခန်းတည်ဆောက်ခြင်းနှင့် ရေတံခါးပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ၊ရွှေတောင်မြို့နယ် ၊ ကွေ့မတာတမံအား တာပုံစံကျပြုပြင်ခြင်းလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခဲ့ပြီး ရွှေတောင်မြို့နယ် ၊မမဲကျေးရွာအုပ်စု၊မမဲလေးကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ဒေသခံတောင်သူများနှင့် တွေ့ဆုံ၍ ဒေသဖွံဖြိုးရေး၊ ပညာရေး ၊ကျန်းမာရေး၊ လျှပ်စစ်မီးလင်းရေးဆိုင်ရာကိစ္စရပ်များ၊စပါးသီးနှံ၊ဆောင်းသီးနှံများစိုက်ပျိုးရာတွင် သက်တမ်းတို အထွက်ကောင်းမျိုးများ ပြောင်းလဲစိုက်ပျိုးရေးနှင့် တစ်နှစ်လျှင် နှစ်သီးစိုက်နိုင်ရေးတို့အား ဆွေးနွေးခဲ့သည်။
အဆိုပါ စစ်ဆေးရာသို့ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးသိန်းအောင်နှင့်အဖွဲ့ဝင်များ၊ ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ ပြည်ခရိုင်၊ ဆည်မြောင်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများ၊ ရွှေတောင်မြို့နယ် ဆည်မြောင်းဦးစီးဌာန၊ မြို့နယ် ဦးစီးမှူးနှင့် တာဝန်ရှိသူများ ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ရာရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဟံဝင်းအောင်နှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာများမှ ကဏ္ဍအသီးသီးအလိုက် ဆောင်ရွက်ထားရှိမှုများအပေါ်ရှင်းလင်းတင်ပြခဲ့ရာ ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဦးသိန်းအောင်မှ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။
ကိုကိုမင်း
https://t.me/MyanmarNationalPost




No comments:
Post a Comment