ခရမ်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ရပ်ကွက်ပေါင်းစုံ အသက် (၂၃) နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်း ပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနား ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ခရမ်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ရပ်ကွက်ပေါင်းစုံ အသက် (၂၃) နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်း ပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနား ကျင်းပ



ခရမ်း  ၊ မတ်  ၂၀


ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့မှ ပူးပေါင်း၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဖလား ရပ်ကွက်ပေါင်းစုံအသက် (၂၃) နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲဗိုလ်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားခန်းမတွင် ကျင်းပခဲ့သည်။


ရှေးဦးစွာ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ တတိယနေရာလုပွဲနှင့် ဗိုလ်လုပွဲကို ယှဉ်ပြိုင်ကစားခဲ့ကြသည်။ ထို့နောက် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ ပထမဆုရ (၁) ရပ်ကွက် အသင်းအား ဆုဖလားနှင့် ငွေသားဆု (၅) သိန်း၊ ဒုတိယဆုရ (၇) ရပ်ကွက်အသင်းအား ဆုဖလားနှင့် ငွေသားဆု (၃) သိန်း၊ တတိယဆုရ (၃) ရပ်ကွက် အသင်းအား ဆုဖလားနှင့် ငွေသားဆု (၂) သိန်းတို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးအောင်ရဲနှင့် အဖွဲ့ဝင်များက အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။


အဆိုပါပြိုင်ပွဲတွင် ရပ်ကွက် (၁၃) ရပ်ကွက်မှ အသင်း (၁၃) သင်း ပါ၀င်ယှဥ်ပြိုင်ကြပြီး ပြိုင်ပွဲကို မတ်လ (၁၅) ရက်နေ့မှ မတ်လ (၁၇) ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပိုက်ကျော်ခြင်းအားကစားကို စိတ်ပါဝင်စားသူပြည်သူများက လာရောက်ကြည့်ရှုအားပေးကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)